Banner Top

Member Area

ပိုင်ဆိုင်တဲ့ ဖိနပ်တွေကို ထုတ်ကြွားခဲ့တဲ့ မင်းသား ဂျောင်အီဝူး

  •  WN
  • Category: Trend

မင်းသား ဂျောင်အီဝူဟာ သူပိုင်ဆိုင်တဲ့ ဖိနပ်တွေနဲ့ အားလုံးကို အံ့သြသင့်စေခဲ့ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်မှာ ဂျောင်အီဝူးဟာ သူ့ရဲ့ Youtube ချန်နယ်ကနေ ဗီဒီယိုအသစ်တစ်ခုကို တင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုမှာတော့ "အီဝူးမှာ တခြားသူတွေဆို ဖိနပ်ဆိုဒ်ဖြစ်ပေမယ့် ဖိနပ်အရံ ၃၃၅ ရံ" ရှိတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။

အဲ့ဒီဗီဒီယိုအစမှာ ဂျောင်အီဝူးက 'ကျနော်က ဖိနပ်တွေ စုရတာကို တကယ်သဘောကျပါတယ်။ အခုကျနော့်အိမ်က လက်ရှိမှာ ပြန်မွမ်းမံနေပါတယ်။ ဒါကြောင့် ကျနော်ဘယ်လောက်ပိုင်ဆိုင်လဲဆိုတာကို မြင်တွေ့ရဖို့ ကျနော့်ရဲ့ ဖိနပ်တွေအားလုံးကို ယူလာဖို့ဆုံးဖြတ်ခဲ့ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။

201501299 1280

သူကဆက်ပြီး "ဒါက ဘယ်လောက်ကြာမယ်ဆိုတာ ကျနော် မသိပါဘူး။ နာရီပေါင်းများစွာကြာနိုင်ပါတယ်။ ဒါပေမယ့် ကျနော့်ကို ကျနော်တကယ်သိချင်ပါတယ်။" လို့ ဆက်ပြောပါတယ်။ အဲ့ဒီနောက် ဂျောင်အီဝူးဟာ ဖိနပ်သေတ္တာတွေကို ဖွင့်ခဲ့ပြီး သူ့ရဲ့ ဝန်ထမ်းနဲ့အတူ သပ်သပ်ရပ်ရပ် စီစီရီရီချခဲ့ပါတယ်။

စတူဒီယိုထဲမှာဆိုရင် အရောင်ပေါင်းစုံရှိတဲ့ ဖိနပ်အမျိုးအစား ပေါင်းစုံဟာ တဖြည်းဖြည်းပြည့်သွားပါတော့တယ်။ သူအဲ့ဒီလိုမျိုး လုပ်ပြီးတဲ့အခါမှာတော့ စတူဒီယိုအလယ်က ထိုင်ခုံအပုတစ်လုံးပေးမှာ ထိုင်ခဲ့ပြီး "ကျနော့်မှာ ဖိနပ်အရံ ၃၀၀ ကျော်ရှိတယ်ဆိုတာ သိလိုက်ရပြီ။" လို့ ပြောကြားခဲ့ပါတယ်။
သူကရယ်ရယ်မောမောနဲ့ "ကျနော့်မှာ နောက်ထပ် ဖိနပ် ၁၀၀ လောက်ရှိသေးတယ်။ ကျနော်မကြာသေးခင်တုန်းက ပရဟိတအတွက် လှူပစ်ခဲ့တယ်။" လို့ဆိုပါတယ်။

အုတလောမှာလည်း သူမဝတ်တော့တဲ့ ဖိနပ်တွေကို လှူဦးမယ်လို့ဆိုပါတယ်။

Banner Top