Logo
Print this page

ဒရာမာထဲက ကလေးသရုပ်ဆောင်နဲ့အတူ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ မင်းသား Lee Jaewook

မင်းသား Lee Jaewook ဟာ ကလေးသရုပ်ဆောင်ရဲ့ ချစ်ဖို့ကောင်းတဲ့ ဦးလေး တစ်ယောက်လိုပါပဲ။


ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကလေးသရုပ်ဆောင် ဆောင်းမင်းဂျယ်ဟာ သူ့ရဲ့ အမေက ကိုင်တွယ်ပေးနေတဲ့သူ့ရဲ့ IG အကောင့်မှာ သူနဲ့ မင်းသား Lee Jaewook တို့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။

1604971338660 2

အဲ့ဒီဓာတ်ပုံတွေကိုတော့ KBS2 TV ကနေ ထုတ်လွှင့်နေတဲ့ 'Do Do Sol Sol La La Sol' ဒရာမာရဲ့ ပြီးစီးမှုပါတီမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

1604971329855 1

ဆောင်းမင်းဂျယ်က

"မင်းဂျယ်က အခုကနေစလို့ နောက် ၁၁ နှစ်ကြာရင် ဦးလေး Lee Jaewook နဲ့အတူ ဆိုဂျူသောက်ဖို့ ကတိပေးခဲ့တယ်။ ဦးလေးရဲ့ ချစ်ရတဲ့သူပါ။ ဦးလေးရဲ့ အရုပ်လေးပါ။ အခုတော့ 'Do Do Sol Sol La La Sol' က အဆုံးသတ်ပါတော့မယ်။"

လို့ ရေးသားခဲ့ပါတယ်။

1604971323239 0
အဲ့ဒီဓာတ်ပုံတွေထဲမှာတော့ သူတို့နှစ်ဦးဟာ တော်တော်လေးကို ရင်းရင်းနှီးနှီးနဲ့ ချစ်ဖို့ကောင်းနေတာကိုမြင်တွေ့ရပါတယ်။ ပရိသတ်တော်တော်များများကတော့ မင်းဂျယ်လေးကို ထိန်းပေးနေတဲ့ မင်းသား Lee Jaewook ရဲ့ ဖခင်တစ်ဦးပုံစံနဲ့ ဓာတ်ပုံတွေထဲမှာ မြင်တွေ့ရတာကို သဘောကျနေကြပါတယ်။ မှတ်ချက်တော်တော်များများမှာတော့ "ငါတော့ မင်းဂျယ်ကို မနာလိုလိုက်တာ။" "မင်းဂျယ်လည်း ချစ်ဖို့ကောင်းတာပဲ။ ငါကတော့ သူ့ဦးလေးနဲ့အတူ ရှိချင်တယ်။" "မင်းဂျယ်နဲ့ အစ်ကို Jaewook တို့က အရမ်းချစ်ဖို့ကောင်းပါတယ်။" စသဖြင့် ရေးသားထားတာကို မြင်တွေ့ခဲ့ရပါတယ်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!