Logo
Print this page

ကမ္ဘာ့နာမည်ကျော် Brand သံတမန်တွေအဖြစ် တာဝန်ယူထားကြတဲ့ BLACKPINK အဖွဲ့ဝင်များ

BLACKPINK အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jisoo, Jennie, Roseနဲ့ Lisa တို့ဟာ ကမ္ဘာထိပ်တန်း ဇိမ်ခံ အမှတ်တံဆိပ်တွေရဲ့ Brand သံတမန်တွေဖြစ်ကြပါတယ်။

How BLACKPINK Become The Ambassadors of World famous Brands 1

Jisoo - Dior Beauty Ambassador

How BLACKPINK Become The Ambassadors of World famous Brands 2 683x1024

How BLACKPINK Become The Ambassadors of World famous Brands 3

How BLACKPINK Become The Ambassadors of World famous Brands 4

၂၀၂၀ ဇန်နဝါရီလအတွက် Bazaar မဂ္ဂဇင်းမှာ Jisoo ကို Dior Beauty ရဲ့ သံတမန် တစ်ယောက်အဖြစ် တရားဝင်ကြေညာခဲ့ပါတယ်။Dior ဟာ ပြင်သစ် ထိပ်တန်း ဇိမ်ခံပစ္စည်း ကုမ္ပဏီဖြစ်ပါတယ်။ နူးညံ့သိမ်မွေ့ပေမဲ့ ထက်မြက်ပြီး ဆွဲဆောင်နိုင်တဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ Jisoo ကတော့ ဒီ Brand ရဲ့ သံတမန် တယောက်အဖြစ် လိုက်ဖက်လွန်းလှပါတယ်။

Rose - YSL Global Ambassador

How BLACKPINK Become The Ambassadors of World famous Brands 5

How BLACKPINK Become The Ambassadors of World famous Brands 6

How BLACKPINK Become The Ambassadors of World famous Brands 7

BLACKPINK အဖွဲ့ရဲ့ အဓိကအဆိုရှင် Rose ဟာ Saint Laurent ရဲ့ ရှိုးတွေမှာလည်း ပါဝင်ခဲ့သလို Paris Fashion Week ရဲ့ Fall Winter 2020 ကိုလည်း အထူးၔည့်သည်တယောက်အနေနဲ့ တတ်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့အလှကြောင့် Saint Laurent ရဲ့ Global Brand Ambassador တယောက်အဖြစ် အရွေးခံခဲ့ရပါတယ်။ Rose ဟာ Saint Laurent ရဲ့ ပထမဆုံး ကိုးရီးယားလူမျိုး Global Brand Ambassador တယောက်ပါ။

Jennie - Chanel House Ambassador

How BLACKPINK Become The Ambassadors of World famous Brands 8 683x1024

How BLACKPINK Become The Ambassadors of World famous Brands 9

How BLACKPINK Become The Ambassadors of World famous Brands 10

Stylist တယောက်လို ဖက်ရှင်အမြင်ရှိတဲ့ Jennie ကတော့ ပြင်သစ်ရဲ့ အများဆုံး ဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်တဲ့ Chanel ရဲ့ Brand သံတမန်တစ်ယောက်ပါ။ Blackpink အဖွဲ့ဝင်တယောက်ဖြစ်ပေမဲ့လည်း Chanel အမှတ်တံဆိပ် ပစ္စည်းတွေနဲ့လိုက်ဖက်လွန်းတာကြောင့် netizen တွေက "Chanel human" လို့ ခေါ်ကြပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇွန်လမှာတော့ ကိုးရီးယားနိုင်ငံအတွက် Chanel ရဲ့ ဆက်သွယ်ရေးဆိုင်ရာ Ambassadorတယောက်ဖြစ်လာခဲ့ပြီး G-Dagron ပြီးရင် ဒုတိယမြောက် Ambassador တယောက်ဖြစ်လာပါတယ်။

Lisa - Celine Global Muse

How BLACKPINK Become The Ambassadors of World famous Brands 11

How BLACKPINK Become The Ambassadors of World famous Brands 12

How BLACKPINK Become The Ambassadors of World famous Brands 13

တခြားအဖွဲ့ဝင်တွေလိုပဲ အငယ်ဆုံးလေး Lisa ဟာလည်း Celine's Muse ဖြစ်လာခဲ့ပြီး ပရိသတ်တွေကို ဂုဏ်ယူစေခဲ့ပါတယ်။Celine ရဲ့ အမြင့်ဆုံး Ambassador ကို Muse လို့ ခေါ်ပြီး Lisa ဟာ Heldi Slimane တို့ခေတ် ပြီးကတည်းက တဦးတည်းသော Museတယောက် ဖြစ်ပါတယ်။ အနောက်တိုင်းဆန်တဲ့ မျက်နှာနဲ့ ခြေတံရှည်တွေကြောင့် စင်ပေါ်မှာတင်မဟုတ်ဘဲ
ဖက်ရှင်မှာလည်း ဆွဲဆောင်မှုရှိတဲ့ မော်ဒယ်တယောက် ဖြစ်စေပါတယ်။ ဖက်ရှင် ပိုင်းမှာတင်မဟုတ်ဘဲ MAC Cosmetics မှာလည်း Lisa ဟာ Ambassador တယောက်ပါ။

BLACKPINK အဖွဲ့ကို ထိပ်တန်း K-pop အမျိုးသမီး အဆိုတော်အဖွဲ့တခုအနေနဲ့သာ သိကြတာမဟုတ်ဘဲ ဖက်ရှင်မဂ္ဂဇင်းတွေနဲ့International Catwalks မှာလည်း အောင်မြင်နေတဲ့ သူတွေအဖြစ် သိကြပါတယ်။ BLACKPINK ရဲ့ပရိသတ်တွေဖြစ်တဲ့ BLINKS ကတော့ သူတို့ အဆိုတော်တွေရဲ့ ပိုပိုများပြားလာတဲ့ ဇိမ်ခံပစ္စည်းတွေ ကြော်ငြာတွေကို ကြည့်ပြီး ကျိန်းသေဂုဏ်ယူနေကြမှာပါ။

J

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!