Banner Top

Member Area

Rotten Tomatoes ရဲ့ ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး Horror စီးရီးအဖြစ် “Hellbound” ထိပ်ဆုံးမှာရပ်တည်

“Hellbound” စီးရီးဟာ Rotten Tomatoes ရဲ့ ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး Horror စီးရီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ကင်ဝူဘင်နဲ့ လီဆုမ်းတို့ပါဝင်မယ့် Netflix ရဲ့ 'Delivery Knight' စီးရီးအသစ်

ဇန်နဝါရီ ၁၂ ရက်မှာ မင်းသား ကင်ဝူဘင် နဲ့မင်းသမီး လီဆုမ်းတို့ရဲ့ အေဂျင်စီတွေက သူတို့နှစ်ဦးဟာ Netflix ရဲ့ 'Delivery Knight' စီးရီးမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

 

မင်းသား ဂန်ယူဆော့ဟာလည်း အဲဒီစီးရီးမှာ ပါဝင်မယ်လို့ အတည်ပြုထားပြီးဖြစ်ပါတယ်။

'Delivery Knight' စီးရီးဟာ ၂၀၇၁ ခုနှစ်မှာ ဇာတ်အိမ်တည်မယ့် စိတ်ကူးယဉ် စီးရီးဖြစ်ပါတယ်။ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုကြောင့် အောက်ဆီဂျင်မျက်နှာဖုံးရဲ့ အကူအညီမပါဘဲ အသက်မရှင်နိုင်တဲ့ လူသားမျိုးနွယ်တို့ရှိရာ အနာဂတ်အကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းပဲ အသက်ရှင်ကျန်ရစ်နေတာလည်း ဖြစ်ပါတယ်။

မင်းသား ကင်ဝူဘင်ကတော့ ဂန္တဝင် ပစ္စည်းပို့အမျိုးသား '5-8' ရဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်မှာဖြစ်ပါတယ်။ '5-8' ဟာ ဘယ်လို ဒုက္ခအခက်အခဲတွေပဲရှိရှိ သူရဲ့ ပစ္စည်းပို့ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးတဲ့ အမျိုးသားဖြစ်ပါတယ်။ မင်းသမီး လီဆုမ်းကတော့ ဆိုယောင်းလို့အမည်ရတဲ့ စစ်တပ်အရာရှိဇာတ်ကောင်နေရာကနေပါဝင်မှာပါ။ မင်းသား ဂန်ယူဆော့ကတော့ ကျွန်းရဲ့ အသက်ရှင်ကျန်ရစ်သူဆိုတဲ့ မျှော်လင့်ချက်နဲ့ ပစ္စည်းပို့အလုပ်သမားဖြစ်ချင်နေတဲ့ ဆာယောဆိုတဲ့ လူငယ်အမျိုးသားဖြစ်ပါတယ်။

အဲဒီစီးရီးကို အခုနှစ်နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ ပြသဖို့ စီစဉ်ထားပါတယ်။

 

အောက်တိုဘာလအတွက် Netflix ရဲ့ Top 10 ရုပ်သံအစီအစဉ်စာရင်းမှာ ပါဝင်လာတဲ့ "Record of Youth"

tvNရဲ့ "Record of Youth" ဒရမ်မာဟာ အောက်တိုလာလအတွက် Netflix ရဲ့ Top 10 ရုပ်သံအစီအစဉ်များစာရင်းမှာ ပါဝင်လာတဲ့ တစ်ခုတည်းသော ကိုရီးယားဒရာမာဖြစ်လာခဲ့ပါတယ်။

Netflix က ထုတ်လွှင့်မယ့်ဒရမ်မာမှာ ခေါင်းဆောင်အနေနဲ့ပါဝင်ဖို့ လီဂျောင်ဆော့နဲ့ ကင်ဂျီဝန်းတို့ ဆွေးနွေးနေ

မင်းသား လီဂျောင်ဆော့နဲ့ မင်းသမီး ကင်ဂျီဝန်းတို့ဟာ မကြာမီထုတ်လွှင့်ပြသဖို့ စီစဉ်ထားတဲ့ Netflix ဒရမ်မာတစ်ခုမှာ ခေါင်းဆောင်ဇာတ်ကောင်တွေအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီဖြစ်ပါတယ်။

Subscribe to this RSS feed

Banner Top