Banner Top

Member Area

စိတ္တဇလူသတ်သမားအကြောင်းအခြေခံထားတဲ့ ဒရာမာမှာ လီဆောင်ဂီနဲ့အတူပါဝင်မယ့် P.O

အောက်တိုဘာလ၂၉ ရက်နေ့မှာ JoyNews24 ရဲ့တင်ပြချက်အရ Block B အဖွဲ့ဝင် P.O က လာမယ့် tvN ရဲ့"Mouse"ဆိုတဲ့ဒရာမာအသစ်မှာပါဝင်လာမှာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ကလုပ်တဲ့ဇာတ်ညွှန်းဖတ်ပွဲကိုလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

tvN ရဲ့သတင်းအရင်းအမြစ်တစ်ခုကလည်း"P.O ဟာ "Mouse"ဆိုတဲ့ဒရာမာအသစ်မှာပါဝင်မယ်ဆိုတာမှန်ကန်တယ်လို့" ဖော်ပြထားပါတယ်။

မိခင်ရဲ့ဝမ်းထဲမှာရှိတဲ့သန္ဓေသားရဲ့ဒီအင်န်အေကိုစစ်ပြီး မွေးလာမယ့်ကလေးဟာ စိတ္တဇလူသတ်သမားဖြစ်လာနိုင်လားဆိုတဲ့အကြောင်းကိုအခြေခံထားတာပဲဖြစ်ပါတယ်။ အဲဒီဒရာမာမှာတော့ လီဆောင်းဂီ ဟာဖြောင့်မတ်မှန်ကန်တဲ့ရဲအရာရှိ ဂျောင်ဘာရွန်း အနေနဲ့ပါဝင်မှာပဲဖြစ်ပါတယ်။
P.O ဟာ ပြီးခဲ့တဲ့နှစ်ကပြသခဲ့တဲ့ tvN ရဲ့" Hotel del Luna" မှာပါဝင်ခဲ့ပြီးနောက်လက်ရှိ 'JTBC မှာပြသနေတဲ့ ' More Than Friends' ဒရာမာမှာလည်း ပါဝင်ထားပါတယ်။ မင်းသားအနေနဲ့အလုပ်ရော tvN ရဲ့ ရသစုံလင်အစီအစဉ်ဖြစ်တဲ့ " New Journey to the West 8 " မှာလည်းပါဝင်ရိုက်ကူးနေပါတယ်။

JoyNews24 ရဲ့သတင်းအရ ဒရာမာမှာပါဝင်မယ့်တခြားသရုပ်ဆောင်တွေကတော့ Lee Hee Joon,Park Ju Hyun,Kyung Soo Jin တို့ပဲဖြစ်ပါတယ်။ "Mouse" ဒရာမာရဲ့ရိုက်ကူးရေးကို မကြာခင်စတင်မှာဖြစ်ပြီးလာမယ့် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာပြသမှာပဲဖြစ်ပါတယ်။

 # Real__emnl

Banner Top