Banner Top

Member Area

True Beauty ဒရာမာအကြောင်း ..


၂၀၂၀ ပြည့်နှစ်ထဲမှာ နာမည်ကြီး Webtoon ကိုအခြေခံထားတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ True Beauty

Eleh3K8VoAAaXKj

ဒီ Webtoon ကိုသဘောကျတဲ့ ပရိသတ်တွေဟာဆိုရင် ဒီဇာတ်ကားလေး ထွက်မဲ့နေ့ကို စောင့်မျှော်နေကြပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သွားမဲ့ သရုပ်ဆောင်တွေကို မိတ်ဆက်ပေးပါမယ်။

true beauty drama reading
ASTRO အဖွဲ့ဝင် Chan Eun Woo ကလည်း အဓိက အမျိုးသားသရုပ်ဆောင်အဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်။ "My ID is Gangnam Beauty" ဒရာမာလိုပဲ True Beauty ဟာလည်း Webtoon ကိုအခြေခံထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။
ချာအွန်ဝူးဟာ သူရဲ့ အဆိုစွမ်းရည်၊ သရုပ်ဆောင်စွမ်းရည်တွေကြောင့် နာမည်ကြီးပါတယ်။ အွန်ဝူး နောက်ဆုံးပါဝင်ခဲ့တဲ့ ဒရာမာကတော့ "Rookie Historian Goo HaeRyung" ပဲဖြစ်ပါတယ်။

ဒါတွေအပြင် မပါမဖြစ် အချက်တစ်ခု အဲ့ဒါကတော့ အရမ်းချစ်ဖို့ကောင်းတဲ့ မျက်နှာပိုင်ရှင်လေးပါ

အမျိုးသမီး အဓိကသရုပ်ဆောင်အဖြစ် မွန်းဂါယောင်းက ပါဝင်သွားမှာဖြစ်ပါတယ်။

Tempted , Welcome to Waikiki 2 နဲ့ Find me in your memory ဆိုတဲ့ ဒရာမာတွေထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေးပါ။

‌မော်ဒယ် သရုပ်ဆောင်တစ်ဉီးဖြစ်တဲ့ တက်သစ်စ မင်းသားလေး Hwang In Yeop ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒရာမာတွေကတော့ Tale of Nokdu , 18 Again နဲ့ WHY ဆိုတဲ့ Web ဒရာမာ ဆိုတဲ့ ဒရာမာတွေပဲဖြစ်ပါတယ်။

Park YooNa ( My ID is Gangnam Beauty , SKY Castle ,Hotel Del Luna ) …Im SeMi ( Shopping King Louie , When the Weather is Fine )…
Kang MinAh ( A-Teen 2)…အစရှိတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။


ဒါရိုက်တာကတော့ Glamorous Temptation , The King In Love နဲ့ Extraordinary You ဆိုတဲ့ နာမည်ကြီး ဒရာမာတွေကိုပုံဖော် ရိုက်ကူးထားတဲ့ Kim Sang Hyub ဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Rude Miss YoungAe နှင့် Top Star U-Back ကို‌ရေးသားထားတဲ့ Lee SiEun ကရေးသားခဲ့ပါတယ်၊၊


ကဲ..အခုတစ်ခါပြောပြပေးမဲ့ အကြောင်းအရာကတော့ ဘယ်သူတွေက ဘယ်လို ကာရိုက်တာကို သရုပ်ဆောင်သွားမလဲဆိုတာ ပဲဖြစ်ပါတယ် ။

မိတ်ကပ်ပြင်မှ လှတဲ့မိန်းကလေးတစ်ယောက် ...သူ့ရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာကိုပြမဲ့အစား သေလိုက်တာပဲကောင်းတယ်လို့တွေးတဲ့ မိန်းကလေးတစ်ယောက် ....ထူးခြားချက်ကတော့ မိတ်ကပ်ပြင်တာ အရမ်းတော်တဲ့ မိန်းကလေး ..အဲ့ဒီမိန်းကလေးရဲ့ မိတ်ကပ်မပါတဲ့ပုံစံကို မြင်သွားခဲ့တဲ့ ကောင်းလေးချောချောလေးတစ်ယောက် ...သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတဲ့ ဇာတ်လမ်းလေး ပါ....

လီဆူဟိုအဖြစ် ASTRO အဖွဲ့ဝင် Cha EunWoo

ASTROs Cha EunWoo as Lee SuHo true beauty

အရမ်းခန့်ပြီး ရုပ်ရည်‌ရော အကျင့်စရိုက်ပါပြီးပြည့်စုံတဲ့ အထက်တန်းကျောင်းသားလေး လီဆူဟို ၊ လူအများရဲ့ အာရုံစိုက်မှုကို ရရှိထားပြီး မိန်းကလေးတွေကြားမှာ နာမည်ကြီးတဲ့ လီဆူဟို၊ အေးအေး‌ဆေးဆေးနေပြီးဘယ်သူ့ကိုမှ စိတ်မဝင်စားပေမဲ့ စိတ်ထားနူ့ညံပြီး ရှက်တတ်တဲ့ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

လင်းဂျူဂယောင်း အဖြစ် မင်းသမီး မွန်းဂါယောင်း

Moon GaYoung as Lim JuGyeong true beauty cast

အရမ်းချောမောလှပပြီး ချစ်စရာကောင်းတဲ့မိန်းကလေး ဂျူဂယောင်း ဒါပေမဲ့ ချွင်းချက်တစ်ခု မိတ်ကပ်လိမ်းမှသာ လှပတဲ့ သူ၊... အလှပြင်ပြီးနဲ့ မပြင်ခင် တော်တော်ကွာခြားတဲ့ သူ၊
ကိုယ့်ကိုယ်ကို အရမ်းကံဆိုးလှပြီလို့ထင်နေတဲ့သူ၊ အမှန်တော့ဒီလိုပါ ...ရုပ်မလှပေမဲ့ ညဏ်ကောင်းတဲ့ သူ့ရဲ့ အမေ ...ခန့်ချောကြီးပေမဲ့ ဉီးနှောက်မရှိတဲ့ သူ့ရဲ့ အဖေ ။ ညီအစ်ကိုမောင်နှမတွေအကုန်လုံးက မိဘတွေရှိက ကောင်းတဲ့အချက်တွေပဲ လက်ခံရရှိထားပြီး ချောတဲ့သူနဲ့ ညဏ်ကောင်းတဲ့သူတွေဖြစ်နေကျပြီး ...သူကတော့မကောင်းတဲ့အချက်တွေပဲ အမွေရရှိထားခဲ့တယ် ဒါပေမယ့်လည်း အကောင်းမြင်တတ်ပြီး စိတ်ထားကောင်းတဲ့ မိန်းကလေးပဲဖြစ်ပါတယ် ။

ဟန်ဆောဂျွန်း အဖြစ် ဟွမ်အင်ယော့

Hwang InYeop as Han SeoJun true beauty cast
ဆူဟို နဲ့ မတူပဲ သူ့နည်းသူ့ဟန်နဲ့ ခန့်ပြီးကြည့်ကောင်းတဲ့ ဆောဂျွန်း ၊ ဂျူဂယောင်း နဲ့ အမှတ်မထင်တွေ့ဆုံပြီး ချစ်မိသွားခဲ့ပါတယ်။

ဂန်ဆူဂျင်းအဖြစ် မင်းသမီး ပတ်ယူနာ

 Park YooNa as Kang SuJin true beauty cast

ဆူဂျင်း Saebom အထက်တန်းကျောင်းရဲ့ အလှမယ်လေးတစ်ဉီး၊ ညဏ်ကောင်းပြီး ရုပ်ရည်ပါပြီးပြည့်စုံတဲ့အပြင် မိဘတွေကပါ ချမ်းသာတဲ့ အဘက်ဘက်က ပြည့်စုံတဲ့ မိန်းကလေး...

Sua အဖြစ် ဂန်မင်အာ

true beauty cast and summary sua kang minah

ဂျူဂယောင်း ပြောင်းလိုက်တဲ့ ကျောင်းက သူငယ်ချင်းအသစ် ဆူအာ...

လင်းဟီဂယောင်းအဖြစ် အင်ဆဲမီ

true beauty cast and summary im semi lim heegeyong

ဂျူဂယောင်း နဲ့မတူပဲ လှပပြီး နာမည်ကြီးကျောင်းကနေ ဘွဲ့ရတဲ့ အစ်မ။ ညဏ်ကောင်းပြီး လှပယဉ်ကျေးတဲ့ ဟီးဂယောင်..

Webtoon အကြောင်း

တော်တော် နာမည်ကြီးခဲ့တဲ့ ဒီ Webtoon ‌ကို Yaongyi ရေးသားထားခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဧပြီလ လောက်က ထွက်ရှိခဲ့ပါတယ်။ နိုင်ငံအတွင်းမှာတင်မဟုတ်ပဲ တစ်ကမ္ဘာလုံးက ပရိသတ်တွေပါသဘောကျခဲ့တဲ့ Webtoon တစ်ခုပါ ။

Webtoon ထဲကပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ် ...

true beauty webtoon cast and summary 1

 

true beauty webtoon cast and summary2 1

true beauty webtoon for cast 780

စာရေးသူ Lee SiEun based on the story of Yaongyi
ပြသမည့်လိုင်း : tvN
ပြသမည့်အချိန် : ဒီဇင်ဘာ
အမျိုးအစား : အချစ်ဟာသဇာတ်မြူး
အပိုင်း - 

 

#NR

Banner Top