Banner Top

Member Area

မင်းသား ကင်မြောင်ဆူးပါဝင်ထားတဲ့ 'Secret Royal Inspector' ဒရာမာ အကြောင်း

'Secret Royal Inspector' ဒရာမာဟာ သမိုင်းနောက်ခံ ထောက်လှမ်းရေး ဒရာမာအမျိုးအစားဖြစ်ပြီး ဂျိုဆွန်းမင်းဆက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေကို လုပ်ကိုင်ရတဲ့ တော်ဝင်လျှို့ဝှက်စုံစမ်းရေးမှူးတွေအကြောင်းကို ရိုက်ကူးထားတာပါ။

သူတို့တွေဟာ ပြည်သူတွေရဲ့သတင်းကို ပြန်တင်ပြရတဲ့ ဘုရင့်အမှုထမ်းတွေဖြစ်ပေမဲ့ သူတို့ရဲ့ ပုံစံအမှန်ကိုတော့ ဖော်ပြလို့ မရပါဘူး။

202010260851102410 1 20201026085223468

တစ်ရက်မှာတော့ စုံစမ်းရေးမှူးတွေဟာ အမှားတခုကြောင့် နှုတ်ထွက်လိုက်ရပြီး ပြည်သူတွေအပေါ် တရားမျှတမှုမရှိတဲ့ အစိုးရကို ဆန့်ကျင်ခဲ့ကြပါတယ်။

မင်းသားကင်မြောင်ဆူး ဟာ ၂၀၂၀ ပြည့်နှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ Meow,The Secret Boy ဒရမ်မာမှာ ပါဝင်ခဲ့ပြီး အခုဒရာမာအသစ်မှာလည်း Sung Yi gyeom ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ရိုက်ကူးနေတာပါ။

သူရဲ့ ဇာတ်ကောင်ဟာ သူနေထိုင်နေတဲ့ တိုင်းပြည်နဲ့ပက်သက်ပြီး စိတ်ဝင်စားမှုလည်းမရှိသလို ဘဝအတွက် ရည်မှန်းချက်လည်းမရှိတဲ့ သူ တစ်ယောက်ပါ။

ဒါပေမဲ့ တော်ဝင်စုံစမ်းရေးမှူးတယောက် ဖြစ်လာတဲ့ အခါမှာတော့ လွဲမှားနေတဲ့ တိုင်းပြည်ကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားရင်း ပြည်သူတွေအတွက် ရပ်တည်ပေးတတ်တဲ့ သူတယောက်အဖြစ် ပြောင်းလဲသွားပါတယ်။

ဒါ့အပြင် ဒီဒရာမာဟာ၂၀၁၇ ခုနှစ်မှာ Yoo Seung Ho နဲ့ Kim So Hyun တို့နဲ့ အတူ ရိုက်ကူးထားတဲ့ The Emperor:Owner of the Mask ဒရာမာ ပြီးရင်သူ့အတွက် ဒုတိယမြောက် သမိုင်းနောက်ခံ ဒရာမာပဲ ဖြစ်ပါတယ်။

202009100902232410 1 20200910090344756

ကြည့်ရှုသူတွေကိုတော့ ကိုရီးယားရိုးရာဝတ်စုံနဲ့ လိုက်ဖက်လှတဲ့ သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်အသွင်အပြင်တွေနဲ့အတူ ထပ်မံ ဖမ်းစားနိုင်ဦးမှာပါ။

Secret Royal Inspector ဒရာမာကိုတော့ ဒီဇင်ဘာလအတွင်း တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ KBS 2TV ကနေ ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။

J

Banner Top