Banner Top

Member Area

“Youn’s Kitchen” Season 3 မှာ ချွဲဝူရှစ် နဲ့အတူ ပြန်ပါလာမယ့် ပတ်ဆောဂျွန်း

မင်းသား ပတ်ဆောဂျွန်းဟာ 'Youn’s Kitchen' အစီအစဉ်ရဲ့ Season 3 မှာ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ဒီ Season အသစ်မှာတော့ မင်းသား ချွဲဝူရှစ်နဲ့အတူ ပါဝင်လာမှာလည်း ဖြစ်ပါတယ်။


Ilgan Sports သတင်းရဲ့အဆိုအရ ပတ်ဆောဂျွန်းရဲ့ ချွဲဝူရှစ်တို့နှစ်ယောက်လုံးဟာ Na Young Suk ထုတ်လုပ်မယ့် Youn’s Kitchen 3 မှာ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

wfdqp9 eff eqfe

ဒါဟာ ပထမဆုံး Season ကို အင်ဒိုနီးရှားနဲ့ ဒုတိယ Season ကို စပိန်နိုင်ငံတို့မှာ ရိုက်ကူးခဲ့တဲ့ စီးရီးရဲ့ တတိယအဆက်လည်း ဖြစ်ပါတယ်။

ewf hy5 li78

မူလကတော့ အခုတတိယမြောက် Season ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ နိုင်ငံရပ်ခြားဒေသမှာ ရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် နိုင်ငံတကာခရီးသွားလာခွင့်တွေကို ဖျက်သိမ်းထားရလို့ ထုတ်လုပ်ရေးအဖွဲ့ဟာ တတိယ Season ကို ကိုရီးယားမှာပဲ ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပြီး နိုဝင်ဘာလမှာ ရိုက်ကူးရေး စတင်နိုင်ဖို့ စီစဉ်ထားပါတယ်။

r3 lil rg efe


အခုအစီအစဉ်မှာ ပါဝင်မယ့်သရုပ်ဆောင်စာရင်းကိုလည်း အပြီးသတ်အတည်ပြုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ မူရင်းသရုပ်ဆောင်တွေဖြစ်တဲ့ Yoon Yeo Jung, Lee Seo Jin နဲ့ Jung Yu Mi တို့ ပြန်လည်ပါဝင်လာကြမှာလည်းဖြစ်ပါတယ်။ ပတ်ဆောဂျွန်းဟာ စပိန်နိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဒုတိယ Season မှာလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာ ပါဝင်ခဲ့ပြီးတဲ့နောက် သူဟာ ကြော်ငြာအခု ၂၀ နီးပါးကိုလည်း လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုအစီအစဉ်ကိုတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ပြသဖို့ စီစဉ်ထားပါတယ်။

 

Banner Top