Logo
Print this page

ပျောက်ချက်သားကောင်းနေတဲ့ Kim Ki Bum အခုတလော ဘာတွေလုပ်နေလဲ

Super Junior အဖွဲ့ဝင်ဟောင်း Kim Ki Bum ဟာ အောင်တိုဘာလ၂၂ရက်နေ့မှာ Youtube အစီအစဉ်တခုဖြစ်တဲ့ "Current Status Olympics" မှာ ၔည့်သည့်တယောက်အဖြစ်နဲ့ ပါဝင်ခဲ့ပြီး ဆံပင်ရှည်နဲ့ သူ့ပုံစံကြောင့် ပရိသတ်တွေ အံ့သြခဲ့ရပါတယ်။

သူက “ကျွန်တော် ဆံပင်ရှည်ထားနေတာ မဟုတ်ပါဘူး။အိမ်မှာတယောက်တည်းနေတာကြာပြီ ဖြစ်တာကြောင့် မညှပ်ဖြစ်တဲ့အတွက် ရှည်နေတာပါ။ခုပုံစံက အရင်က လူပြောများတဲ့ အကြောင်းအရာတခုဖြစ်ခဲ့ဖူးတဲ့ ဓာတ်ပုံတွေထဲကနဲ့ တူနေတယ်။ဒီလိုပုံစံကို ဘယ်သူ့ကိုမှမပြချင်ပါဘူး"လို့ ပြောပြခဲ့ပါတယ်။

နောက်ပြီး လူကြိုက်များခဲ့တဲ့ နာမည်ကြီး အနုပညာရှင်တယောက်မဟုတ်တော့တာနဲ့ ပက်သက်ပြီးတော့

"မကျော်ကြားတော့တာနဲ့ ပက်သက်ပြီး ကျွန်တော် ဘာမှမသိခဲ့ဘူး။ကျွန်တော်က ဒါတွေကို သိသင့်တဲ့အခြေအနေ မဟုတ်တော့ဘူးလို့လည်း ကျွန်တော်ထင်တယ်။အရင်က ကျွန်တော့်ကိုယ်ကျွန်တော် အမြဲသံသယတွေ ဝင်ခဲ့ပြီး သဘောမကျခဲ့ဘူး။ကျွန်တော် စကားပြောတဲ့အခါ စကားလုံးတွေကို ရှင်းရှင်းလင်းလင်း မပြောနိုင်တာကြောင့် သဘောမကျခဲ့ဘူး။ဒါကြောင့် ၂၀၀၉ခုနှစ်မှာ ကျွန်တော်အနားယူလိုက်တဲ့အခါ သရုပ်ဆောင်ပညာ
ကို လေ့လာခဲ့တာပါ"

လို့လည်း ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီးတော့

"၃နှစ်လုံးအတွင်း ဘာမှမလုပ်နိုင်ခဲ့ဘူးလို့ ကျွန်တော်မထင်ဘူး။အခု ကျွန်တော့်ဘဝအတွက် ရွေးချယ်ခဲ့တာနဲ့ ပက်သက်ပြီး နောင်တမရှိတော့ပါဘူး"

လို့ Kim Ki Bumက ဆိုခဲ့ပါတယ်။

အခုလတ်တလောမှာတော့ သူဟာ YouTube Channel တခုကို ဖွင့်ထားခဲ့ပြီး "Heechul က ကျွန်တော့်အတွက်ဖွင့်ပေးခဲ့တာပါ။ နောက်ပြီး ဗီဒီယိုတွေအကုန်လုံးကိုလည်း သူပဲတင်ပေးခဲ့တာပါ" လို့ ပြောပြခဲ့ပါသေးတယ်။

J

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!