Logo
Print this page

"The Spy Who Love Me" ဒရာမာထဲမှ Eric ပြောပြတဲ့ တိုင်ပတ်အကဇာတ်ဝင်ခန်း

MBC ရဲ့ ဒရမ်မာအသစ်ဖြစ်တဲ့ "The Spy Who Love Me"ရဲ့ ရုပ်ရှင်မိတ်ဆက်ပွဲကို အောက်တိုဘာလ ၂၁ရက်နေ့ကကျင်းပခဲ့ပါတယ်။

Shinhwa အဖွဲ့ဝင် Moon Jung Hyuk(Eric)ကတော့ ဒီကားထဲက ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ တိုင်ပတ်ကတဲ့အကအကြောင်းပြောပြခဲ့ပါတယ်။

Ek1bO5kUUAAtCb8

သူပြောခဲ့တာကတော့

"အဲ့ဒီမှာ အရာရှိဝတ်စုံကြီးနဲ့ တိုင်ပတ်အက ကရတဲ့အခန်းရှိတယ်။အဲ့ဒီနေ့မတိုင်ခင်က ကျွန်တော်လေ့ကျင့်ခဲ့သေးတယ်။ တကယ့်ရိုက်ကွင်းလည်း ကျရောစင်ကသေးသေးလေးရယ်။ စရိုက်တော့ တကယ်ကိုမထင်ထားတာတွေဖြစ်ခဲ့တယ်။ ကျွန်တော့်ကိုကျွန်တော် ကောင်းဘွိုင်းလို့သတ်မှတ်ပြီး တိုင်ကိုအားပြုပြီးပဲလွှဲလွှဲကရတော့တယ်"

ဒီထဲမှာ Ericဟာ ခရီးသွားတဲ့အကြောင်းတွေကိုရေးတဲ့စာရေးဆရာအဖြစ် ဟန်ဆောင်ထားတဲ့ လျှို့ဝှက် ရဲအရာရှိ Jeon Ji Hoon အဖြစ်သရုပ်ဆောင်ထားတာပါ။

Ek1bPOUVMAMPANR

သူ့ကိုဘယ်လိုမျိုး လျှို့ဝှက်တာဝန်တွေထမ်းဆောင်ချင်လဲလို့မေးတော့

"တကယ်တော့ ကျွန်တော်ကအပြင်သွားရတာသိပ်မကြိုက်ဘူး။ကွန်ပျူတာခန်းထဲကနေထိန်းချုပ်နေရတဲ့သူမျိုးပဲဖြစ်ချင်တယ်"

ဆိုပြီး စနောက်ဖြေကြားခဲ့ပါသေးတယ်။

"The Spy Who Love Me"ဟာ သူလျှိုစစ်ပွဲအတွင်းပေါင်းမိကြတဲ့ လျှို့ဝှက်တဲ့ယောက်ျားနှစ်ယောက်နဲ့မိန်းမတစ်ယောက်ကြားက လျှို့ဝှက်ဟာသအချစ်ဇာတ်လမ်းလေးဖြစ်ပြီး အောက်တိုဘာလ ၂၁ရက်နေ့ ကိုးရီးယားစံတော်ချိန် ည ၉း၂ဝမိနစ်မှာထုတ်လွှင့်ပြသသွားမှာပါ။

"The Spy Who Love Me" ဒရာမာအမြည်းဗီဒီယိုလေးကို ကြည့်နိုင်ပါတယ်။

 

#BB

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!