Banner Top

Member Area

CineTown အတွက် DJ အသစ်ဖြစ်လာတဲ့ မင်းသမီး Park Ha Sun

မင်းသမီး Park Ha Sun ကို 'CineTown' အတွက် DJ အသစ်အဖြစ်ရွေးချယ်ခဲ့ပါတယ်။

'CineTown' ကရုပ်ရှင်အမျိုးမျိုးအကြောင်း၊သတင်းတော်တော်များကို ထုတ်လွှင့်တာ ဖြစ်ပါတယ်။ သူက မင်းသမီး Gong Hyung Jin ပြီးရင် ဒီအစီအစဉ်မှာ ပါဝင်လာမယ့် ဒုတိယမြောက် မင်းသမီးလည်းဖြစ်ပါတယ်။

အစီအစဉ်ဝန်ထမ်းတွေက “ Park Ha Sun ရဲ့နွေးထွေးပြီးချစ်စရာကောင်းတဲ့ကျက်သရေနဲ့ ရေဒီယိုကိုချစ်မြတ်နိုးခြင်းကသူ့ကိုအံ့သြဖွယ်ကောင်းတဲ့ DJ တစ်ခုဖြစ်စေပါလိမ့်မယ်။ နားထောင်သူတွေကိုလည်း တောက်ပတဲ့ စွမ်းအင်နဲ့အဆင်ပြေပြေ အချိန်ပေးနိုင်မယ် "လို့မျှော်လင့်နေကြပါတယ်။

သူ့ရဲ့ ပထမဆုံးအပိုင်းကိုတော့ နိုဝင်ဘာ ၂ ရက်နေ့ ကိုးရီးယားစံတော်ချိန် မနက် ၁၁နာရီမှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

#YuNandarHtun

Banner Top