Banner Top

Member Area

မင်းသား ဂုံယူ ရဲ့ ဓာတ်ပုံအတူတွဲရိုက်ချင်တယ်လို့ဆိုတဲ့ BLACKPINK အဖွဲ့ဝင် Lisa

BLACKPINK အဖွဲ့ဝင် Lisa ဟာ မင်းသား ဂုံယူကို ချစ်ကြောင်းပြဖို့ ဘယ်တော့မှ တွန့်ဆုတ်နေလေ့မရှိပါဘူး။

"တကယ့်ကို ဂုံယူက ငါ့ရဲ့ Ideal Type ပါ။ Goblin ဇာတ်ကားကို Rose နဲ့ ကြည့်ခဲ့တယ်"လို့ ပြောကြားခဲ့ပါတယ်။

wef efeq qef

နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာလည်း ဂုံယူ အတွက် Lisa ရဲ့ အချစ်က ယိမ်းယိုင်သွားခြင်းမရှိပါဘူး။ မကြာသေးခင်ကပဲ JTBC ရဲ့ Knowing Brothers အစီအစဉ်မှာ BLACKPINK အဖွဲ့ဟာ ဧည့်သည်အနေနဲ့ ပါဝင်လာခဲ့ပြီး Lisa က သူဟာ ကိုရီးယားဒရာမာ တွေရဲ့ အကြီးစားပရိသတ်တစ်ယောက်ဖြစ်ပြီး အထူးသဖြင့် Goblin ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

fef efeq hryj

Lee Soo Geun က Lisa ကို Goblin မင်းသား Gong Yoo ရဲ့ ပရိသတ်တစ်ယောက်လားလို့ မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအခါ Lisa က Gong Yoo နဲ့ ဓာတ်ပုံအတူတွဲ ရိုက်ချင်ကြောင်းနဲ့ သူရဲ့ဆန္ဒတွေ တကယ်ဖြစ်လာရန်ကူညီဖို့ Seo Jang Hoon ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် Lisa ရဲ့ ဆန္ဒတွေက Jang Hoon ရဲ့ စွမ်းရည်တွေထက် ကျော်လွန်နေပုံပေါ်ပါတယ်။

ဒီလိုဖြစ်နေပေမယ့်လည်း Lisa ကတော့ သူ့ရဲ့ Ideal Type ဟာ ဂုံယူသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Kang Ho Dong က Lisa ကို Knowing Brothers အစီအစဉ်မှာ ပါဝင်တဲ့အဖွဲ့ဝင်တွေနဲ့ ဂုံယူနဲ့ထဲက တစ်ခုကို ရွေးချယ်ခိုင်းခဲ့ပါတယ်။ အဲ့ဒီအခါမှာ Lisa က ဆုံးဖြတ်ဖို့ခက်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး လူတိုင်းက သူ့ကို ယုံကြည်ဖို့ တွန့်ဆုတ်ခဲ့ကြပါတယ်။

Lisa က သူတို့မိသားစုမှာ သူတင် မင်းသား ဂုံယူကို ကြိုက်တာမဟုတ်ဘဲ့ သူ့အမေကလည်း မင်းသားရဲ့ အကြီးစားပရိသတ်တစ်ယောက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top