Logo
Print this page

NU'EST အဖွဲ့ဝင် Minhyun ရဲ့ "Play On" ဝက်ဘ်ဒရာမာအသစ်မကြာမီ ပြဖို့ရှိ

JTBC ရုပ်သံလိုင်းနဲ့ Playlist တို့ပူးပေါင်းပြီး ဝက်ဘ်ဒရာမာစီးရီးဖြစ်တဲ့ 'Live On'မှာ NU'ESTအဖွဲ့ဝင် Minhyun နဲ့ Jung Da Bin ပါဝင်သရုပ်ဆောင်ထားတာကို ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

 


ewrferfe
မင်းသားနဲ့မင်းသမီးက ဆယ်ကျော်သက်အချစ်ဇာတ်လမ်းအတွက်အထက်တန်းကျောင်းအကြောင်းနဲ့ဒိုင်ယာရီဇာတ်လမ်းပုံစံမှာ ခေါင်းဆောင် မင်းသားအနေနဲ့ပါဝင်မှာ ဖြစ်ပါတယ်။ 'Live On' ဒရာမာဟာ လုံးဝမတူညီတဲ့ လူမှုအသိုင်းအဝိုင်းတွေကနေ အထက်တန်းကျောင်းသားနှစ်ယောက်ဖြစ်တဲ့ Baek Ho Rang (Jung Da Bin) နဲ့အသံလွှင့်ကလပ်အသင်းရဲ့ပြီးပြည့်စုံတဲ့ ခေါင်းဆောင် Go Eun Taek (Minhyun)တို့ရဲ့ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

"Live On"ဒရာမာရဲ့ ပထမဦးဆုံး ထုတ်လွှင့်မှုမှာတော့ NU'EST အဖွဲ့ဝင် Minhyun ဟာကြည့်ရှုသူ ပရိသတ်တွေကို ရင်ခုန်စရာအကြည့်တွေနဲ့လှပတဲ့ ပုံရိပ်နဲ့အတူ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဝက်ဘ်ဒရာမာအဖြစ် စိတ်ကျေနပ်မှုရစေမှာ ဖြစ်ပါတယ်။

photo1248581

“Live On" ဒရာမာ ကို JTBC ရုပ်သံလိုင်းနဲ့ Naver TV တို့ကနေ နိုဝင်ဘာလ ၁၇ ရက်ည ၉ း ၃၀ မှာစတင်ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၄ ရက် ကိုးရီးယားစံတော်ချိန်ည ၇ နာရီမှာတော့ Playlist ရဲ့YouTube ချန်နယ်မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

#YuNandarHtun

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes
Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!