Banner Top

Member Area

မကြာမီထုတ်လွှင့်ပြသတော့မယ့် ဒရမ်မာနဲ့ ကြောင်လေးတွေကို ချစ်ကြောင်း ပြောကြားလိုက်တဲ့ မင်းသား ဆောဂန်းဂျွန်

မကြာသေးမီကပြုလုပ်ခဲ့တဲ့ High Cut မဂ္ဂဇင်းရဲ့ ဓါတ်ပုံရိုက်ကွင်းအင်တာဗျူးတစ်ခုမှာ မင်းသားဆောဂန်ဂျွန်းက မကြာသေးခင်ရက်တွေအတွက် သူဘယ်လို အချိန်တွေကုန်ဆုံးခဲ့တယ်ဆိုတဲ့အကြောင်း ကိုပြောဆိုခဲ့ပါတယ်။ မင်းသားဟာ မကြာမီ KBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသတော့မယ့် “Are You Human, Too?” ဆိုတဲ့ ဒရမ်မာမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ပြီး အမွေဆက်ခံနေရာမှာ ယာယီအစားထိုးဖို့ ဖန်တီးထားတဲ့ မှတ်ဉာဏ်တု စက်ရုပ် နမ်ရှင်း ၃ အဖြစ် ပါဝင်သရုပ်ဆောင် ထား ပါတယ်။

မကြာသေးမီကပြုလုပ်ခဲ့တဲ့ High Cut မဂ္ဂဇင်းရဲ့ ဓါတ်ပုံရိုက်ကွင်းအင်တာဗျူးတစ်ခုမှာ မင်းသားဆောဂန်ဂျွန်းက မကြာသေးခင်ရက်တွေအတွက် သူဘယ်လို အချိန်တွေကုန်ဆုံးခဲ့တယ်ဆိုတဲ့အကြောင်း ကိုပြောဆိုခဲ့ပါတယ်။ မင်းသားဟာ မကြာမီ KBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသတော့မယ့် “Are You Human, Too?” ဆိုတဲ့ ဒရမ်မာမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ပြီး အမွေဆက်ခံနေရာမှာ ယာယီအစားထိုးဖို့ ဖန်တီးထားတဲ့ မှတ်ဉာဏ်တု စက်ရုပ် နမ်ရှင်း ၃ အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Seo Kang Joon1

 


မင်းသားဆောဂန်ဂျွန်းဟာ သူ့ရဲ့ ဇာတ်ကောင်နဲ့ပတ်သက်လို့ အခုလိုပဲ ရှင်းပြပေးခဲ့ပါတယ်။ သူက “နမ်ရှင်း ၃ ရဲ့ ဆွဲဆောင်မှုဟာ သူ့ရဲ့ သန့်စင်မှုဖြစ်ပါတယ်၊ အပြည့်အဝကြီးပြင်းလာတဲ့ အမျိုးသားတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ အသစ်တစ်ဖန်ပြန်မွေးဖွားလာသလိုပါပဲ၊ သူသိသမျှအားလုံးက အင်တာနက်ကနေ သူရထားတဲ့ သတင်းအချက်အလက်တွေဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ သူက “သူဟာ လူသားတွေနဲ့ နေထိုင်တာ နီးကပ်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်တဲ့အတွက် သူဟာ စိတ်ခံစားချက်တွေကိုခံစားနိုင်ပြီး အဲဒါတွေကပဲ သူ့ကို စိတ်ရှုပ်စေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


ဆောဂန်ဂျွန်းဟာ အဲဒီအင်တာဗျူးအတွင်းမှာ သူချစ်ရတဲ့ ကြောင်လေးနှစ်ကောင်အကြောင်းကို လည်း ပြောကြားခဲ့ပါတယ်။ သူက “ကျွန်တော့်ကြောင်လေးတွေနဲ့ပဲ အိမ်မှာ များသောအားဖြင့်အချိန်ကုန်လေ့ရှိပါတယ်၊ တိရိစ္ဆာန်တွေဟာ ထိန်းရသိမ်း ရတာခက်တယ်လို့ လူတွေက ထင်ကြတယ်၊ ဒါပေမယ့် အဲဒါ မမှန်ပါဘူး၊ ကြောင်လေးဟာ လည်း အထီးကျန်မှုကိုခံစားနိုင်ပါတယ်၊ ဒါကြောင့် သူတို့ကိုချစ်ပြီး ပွတ်သီးပွတ်သပ်နေသင့်ပါတယ်၊ မကြာခင်က ကျွန်တော် လျှပ်စစ်ဆံပင်ထိုးစက် ကို ဝယ်ပြီး သူတို့ကို ကျွန်တော်ကိုယ်တိုင် ဖီးလိမ်းပေးပါတယ်၊ ကြောင်ပိုင်ရှင်တစ်ယောက်အနေနဲ့ သူတို့ကို လိမ္မာမှုမှာ အမှတ် ၈၀ အထက် ပေးချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 
“Are You Human, Too?” ရုပ်သံဇာတ်လမ်းတွဲကို ဇွန်လ ၄ ရက်စလို့ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်။

soompi

Banner Top