Banner Top

Member Area

၁၂ ကြိမ်မြောက် နိုင်ငံတကာ Busan Contents Market မှာ ဆုရရှိခဲ့တဲ့ “Melo Holic” ဇာတ်လမ်းတွဲ

OCN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Melo Holic” ဇာတ်လမ်းတွဲဟာ ၁၂ ကြိမ်မြောက် နိုင်ငံတကာ Busan Contents Market မှာ ဆုရရှိခဲ့ပါတယ်။ 

“Old Marine Boy” ကတော့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဆုကို ရရှိခဲ့ပြီး JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Web Drama တစ်ခုဖြစ်တဲ့ “People You May Know” ကတော့ အကောင်းဆုံး content ဆုကို ရရှိခဲ့ပြီး “Melo Holic” ကတော့ အကောင်းဆုံးစာရေးသူဆုကို ရရှိခဲ့ပါတယ်။

Melo Holic3


အဲဒီဒရမ်မာကို ရေးသားခဲ့သူ ပတ်ဆူယောင်းဟာ ဆုတံဆိပ်နဲ့အတူ ဝမ်ငါးသန်းကို ဆုအဖြစ် ရရှိခဲ့ပါတယ်။ “Melo Holic” ဇာတ်လမ်းတွဲဟာ လူတွေရဲ့ တကယ့်စိတ်ရင်းကို သိနေလို့ ဘယ်သူနဲ့ မှ မဒိတ်တဲ့ အမျိုးသားတစ်ဦးဖြစ်တဲ့ ယူအွန်ဟိုနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာကြောင့် ဘယ်သူနဲ့မှ မဒိတ်နိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တဲ့ ဟန်ယဲရီတို့အကြောင်း ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။

soompi

Banner Top