Banner Top

Member Area

'My Mister' ဇာတ်လမ်းတွဲမှာပါဝင်ဖို့ ချီတုံချတုံ ဖြစ်ခဲ့တဲ့အကြောင်း ဖွင့်ဟလာတဲ့ IU

အဆိုတော်၊ သရုပ်ဆောင် IU ဟာ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ 'My Mister' ဇာတ်လမ်းတွဲမှာ ပါဝင််ဖို့ နောက်ဆုံးအဆင့်သဘောမတူခင်မှာ ချီတုံချတုံတော်တော်လေး ဖြစ်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

ဧပြီ ၁၁ ရက်မှာ အဲဒီဒရမ်မာအတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို ဆိုးလ်မြို့မှာရှိတဲ့ Yongdeungpo တိုင်းမ်းစကွဲမှာ ပြုလုပ်ခဲ့ပါတယ်။ မီဒီယာတွေကိုတော့ IU က ၂၀၁၅ ခုနှစ်မှာ ကျွန်မရဲ့ ဂီတနဲ့ ပတ်သက်လို့ ပြဿနာရှိခဲ့တဲ့အတွက် ဒီဇာတ်ကောင်နေရာကိုယူဖို့ ကျွန်မအတွက် တော်တော်လေး အခက်အခဲရှိခဲ့ပါတယ်၊ ကျွန်မက ပရိုဂျူဆာကို ပြောခဲ့ပေမယ့် ကျွန်မက ပိုပြီးတော့ လုပ်ပြနိုင်ပါတယ်လို့ သူက ပြောခဲ့တယ်၊ ဒါကြောင့် ကျွန်မဒီဒရမ်မာကို ရိုက်ကူးဖြစ်တာပါ” လို့ ပြောဆိုခဲ့ပါတယ်။ အဆိုတော်၊ သရုပ်ဆောင် IU ဟာ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ 'My Mister' ဇာတ်လမ်းတွဲမှာ ပါဝင််ဖို့ နောက်ဆုံးအဆင့်သဘောမတူခင်မှာ ချီတုံချတုံတော်တော်လေး ဖြစ်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ဧပြီ ၁၁ ရက်မှာ အဲဒီဒရမ်မာအတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို ဆိုးလ်မြို့မှာရှိတဲ့ Yongdeungpo တိုင်းမ်းစကွဲမှာ ပြုလုပ်ခဲ့ပါတယ်။ မီဒီယာတွေကိုတော့ IU က ၂၀၁၅ ခုနှစ်မှာ ကျွန်မရဲ့ ဂီတနဲ့ ပတ်သက်လို့ ပြဿနာရှိခဲ့တဲ့အတွက် ဒီဇာတ်ကောင်နေရာကိုယူဖို့ ကျွန်မအတွက် တော်တော်လေး အခက်အခဲရှိခဲ့ပါတယ်၊ ကျွန်မက ပရိုဂျူဆာကို ပြောခဲ့ပေမယ့် ကျွန်မက ပိုပြီးတော့ လုပ်ပြနိုင်ပါတယ်လို့ သူက ပြောခဲ့တယ်၊ ဒါကြောင့် ကျွန်မဒီဒရမ်မာကို ရိုက်ကူးဖြစ်တာပါ” လို့ ပြောဆိုခဲ့ပါတယ်။ 


သူကဆက်ပြီးတော့ “ဂျီအန်းဇာတ်ကောင်မှာ အတိတ်က အမာရွတ်တော်တော်များများ ရှိပါတယ်၊ ပြီးတော့ သူဟာ တော်တော်လေးကို အပြောအဆိုတွေလည်း ခံခဲ့ရပါတယ်၊ ဒီဇာတ်ရုပ်မှာ ပါဝင်ခဲ့ရတဲ့ အစပိုင်းမှာ ကျွန်မပတ်ဝန်းကျင်မှာ ဂျီအန်ဖြစ်နေသလိ်ုမျိုး ခံစားနေခဲ့ရပါတယ်၊ အခုတော့ ရာသီဥတုက နွေဦးရာသီနဲ့ ပိုတူလာပါပြီ၊ ဒရမ်မာထဲမှာ ဂျီအန်းဟာ သူ့ထက်ကြီးတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ပိုပြီး ရင့်ကျက်လာပါပြီ၊ အဲဒီလိုမျိုးပဲ သူနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ သဘောထားနဲ့ ဂျီအန်းကိုယ်တိုင်တို့က ပိုပြီးတော့ တောက်ပလာမှာပါ” လို့ပြောဆိုခဲ့ပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top