Banner Top

Member Area

D.O. နဲ့ နမ်ဂျီယောင်းတို့ပါဝင်မယ့် 'The King's 100 Days’ ဇာတ်လမ်းတွဲ

မကြာမီ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်တော့မယ့် EXO အဖွဲ့ဝင် D.O. နဲ့ နမ်ဂျီယောင်းတို့ရဲ့ ဒရမ်မာနဲ့ပတ်သက်လို့ အသေးစိတ်အချက်တချို့ထွက်ပေါ်လာပါတယ်။

သူတို့နှစ်ဦးဟာ 'The King's 100 Days’ ဆိုတဲ့ သမိုင်းနောက်ခံ ဒရမ်မာမှာ ခေါင်းဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်လာကြမှာဖြစ်ပါတယ်။ အခုတော့ အဲဒီဒရမ်မာကို ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ ထုတ်လွှင်ပြသမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ မကြာမီ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်တော့မယ့် EXO အဖွဲ့ဝင် D.O. နဲ့ နမ်ဂျီယောင်းတို့ရဲ့ ဒရမ်မာနဲ့ပတ်သက်လို့ အသေးစိတ်အချက်တချို့ထွက်ပေါ်လာပါတယ်။ သူတို့နှစ်ဦးဟာ 'The King's 100 Days’ ဆိုတဲ့ သမိုင်းနောက်ခံ ဒရမ်မာမှာ ခေါင်းဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်လာကြမှာဖြစ်ပါတယ်။

 

အခုတော့ အဲဒီဒရမ်မာကို ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ ထုတ်လွှင်ပြသမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ 
ဒရမ်မာနဲ့ပတ်သက်တဲ့ သတင်းရင်းမြစ်တစ်ခုက အဲဒီဒရမ်မာဟာ ဂျိုဆွန်းခေတ်ကို အခြေတည်မယ့် ထူးခြားဆန်းကြယ်အချစ်စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမယ်လို့ ဆိုပါတယ်။ ထုတ်လုပ်ရေး အဖွဲ့ကတော့ အဲဒီဒရမ်မာမှာ ကြည့်ရှုသူ ပရိသတ်တွေကို ဖျော်ဖြေဖို့ ဟာသရိုက်ချက်လေးတွေလည်း ပါဝင်လာမယ်လို့ဆိုပါတယ်။အဲဒီဒရမ်မာကို 'Another Miss Oh' နဲ့ 'Twenty Again' တို့နဲ့ လူသိများတဲ့ လီဂျုံဂျယ်က ထုတ်လုပ်မှာဖြစ်ပြီး 'Dual,' 'Scent of a Woman,' တို့ရဲ့ ဇာတ်ညွှန်းရေးဆရာမ နိုဂျီဆူးလ်က ဇာတ်ညွှန်းရေးသားပေးမှာဖြစ်ပါတယ်။

 

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top