Banner Top

Member Area

ပတ်ဆောဂျွန်း၊ ဟန်ဆိုဟီးနဲ့ ဝီဟာဂျွန်းတို့ရဲ့ သည်းထိတ်ရင်ဖို ဒရာမာစီးရီးအသစ် ရိုက်ကူးရေးစပြီ

ပတ်ဆောဂျွန်း၊ ဟန်ဆိုဟီးနဲ့ ဝီဟာဂျွန်းတို့ကို ဒရာမာစီးရီးအသစ်တစ်ခုမှာ အတူတူ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှာ ပတ်ဆောဂျွန်းနဲ့ ဟန်ဆိုဟီးတို့ဟာ 'K Project' လို့အမည်ရတဲ့ သည်းထိတ်ရင်ဖို ဒရာမာတစ်ခုမှာ ခေါင်းဆောင် မင်းသားနဲ့ မင်းသမီးတွေအဖြစ် ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ မင်းသား ဝီဟာဂျွန်းကတော့ သူပါဝင်ရမယ့် ဇာတ်ကောင်နေရာအတွက် လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာကတည်းက ကမ်းလှမ်းချက်ကို လက်ခံထားခဲ့ပြီးဖြစ်ပါတယ်။ သတင်းတွေအရ အခုစီးရီးအတွက် ရိုက်ကူးရေးကို စတင်နေပြီလည်း ဖြစ်ပါတယ်။

မင်းသားပတ်ဆောဂျွန်းကတော့ ကမ္ဘာပေါ်မှာ ဘယ်လိုရယူမှုတွေလုပ်ရမလဲဆိုတဲ့ အမြင်ကျယ်ကျယ်ပိုင်ဆိုင်ထားတဲ့ ဘူချွန်းက သူဌေး ဂျန်ထယ်ဆန်းအဖြစ် ပါဝင်မှာပါ။ မင်းသမီး ဟန်ဆိုဟီးကတော့ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေတဲ့ ယွန်းချယ်အို့ ဇာတ်ကောင်နေကနေ ပါဝင်မှာပါ။ သူကတော့ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး သေနတ်၊ ဓား နဲ့ စက်ပစ္စည်းတွေအားလုံးကို ကျွမ်းကျွမ်းကျင်ကျင် ကိုယ်တွယ်နိုင်တဲ့ သူဖြစ်ပါတယ်။ မင်းသား ဝီဟာဂျွန်းကတော့ အဓိကဇာတ်ကောင် ဂျန်ထယ်ဆန်းရဲ့ သူငယ်ချင်း ဂွမ်ဂျွန်ထက်နေရာကနေ ပါဝင်မှာလည်း ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top