Logo
Print this page

Sungjae နဲ့ Chaeyeon တို့ကိုအတူတူမြင်တွေ့ရမယ့် 'Golden Spoon' စီးရီးအသစ်

ဇန်နဝါရီ ၁၁ ရက်မှာ DIA အဖွဲ့ဝင် Jung Chaeyeon ဟာ MBC ရဲ့ ဒရာမာအသစ် 'Golden Spoon' မှာ အဓိကဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်လာမှာဖြစ်တယ်လို့ PocketDol Studio က အတည်ပြုခဲ့ပါတယ်။

သူဟာ လွန်ခဲ့တဲ့နှစ်အစောပိုင်းမှာကတည်းက အဓိကအမျိုးသားဇာတ်ဆောင်နေရာကို လက်ခံခဲ့တဲ့ BTOB အဖွဲ့ဝင် Sungjae နဲ့အတူ ပါဝင်လာတော့မှာလည်း ဖြစ်ပါတယ်။

အဲဒီ ဒရာမာဟာ နာမည်တူ လူကြိုက်များတဲ့ webtoon ကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ 'Golden Spoon' စီးရီးကတော့ ဆင်းရဲတဲ့မိသားစုတစ်ခုမှာမွေးဖွားလာခဲ့တဲ့ ကလေးတစ်ယောက်က ချမ်းသာတဲ့မိသားစုမှာမွေးဖွားလာတဲ့ သူ့ရဲ့ သူငယ်ချင်းနဲ့အတူ ထူးခြားဆန်းကြယ် ရွှေဇွန်းတစ်ချောင်းကို အသုံးပြုပြီး ကံကြမ္မာတွေပြောင်းလဲတဲ့အကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။

အဲဒီစီးရီးကို အခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ စတင်ပြသဖို့ ပြင်ဆင်ထားပါတယ်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!