Logo
Print this page

'Single's Inferno' အတွက် Season 2 ရှိလာနိုင်တယ်လို့ ထုတ်လုပ်သူတွေ အရိပ်အမြွက်ပြော

'Single's Inferno' စီးရီးရဲ့ Season 2 ကတော့ ဖြစ်လာနိုင်ချေရှိနေပါတယ်။

'Single's Inferno' စီးရီးအတွက်မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်းမှာ ပီဒီ ကင်နာယောင်းက ဒိတ်တင်ရှိုးရဲ့ နောက်ထပ် Season ရှိလာနိုင်ချေနဲ့ပတ်သက်လို့ မှတ်ချက်ပေးခဲါ့ပတယ်။ သူက "ထုတ်လုပ်ရေးအဖွဲ့ဟာ နောက်ထပ် Season အတွက် မျှော်လင့်နေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ 'Single's Inferno' ရဲ့ Season 2 နဲ့ပတ်သက်လို့ အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး" လို့ ပြောဆိုထားပါတယ်။

20220111 051242 179 0

ဆက်ပြီး ပီဒီ ကင်ဂျယ်ဝန်က "အဲဒီစီးရီးဟာ တကမ္ဘာလုံးမှာ နာမည်ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး၊ တကမ္ဘာလုံးက ပရိသတ်တွေဆီကနေ စိတ်အားထက်သန်မှုတွေကို မြင်ရတာ ကျနော်တို့ ပျော်ရွှင်ရပါတယ်။ တချိန်တည်းမှာပဲ ဒီလိုမျိုး တကမ္ဘာလုံးမှာ ရသစုံအစီအစဉ်က နာမည်ကျော်ကြားဖို့က တော်တော်ရှားရှားပါးပါးဖြစ်စဉ်မို့လို့ ယုံကြည်ဖို့လည်း ခက်ပါတယ်။ ကမ္ဘာ့အဆင့်ကို မြင်တွေ့ခဲ့ပြီးတဲ့နောက် ကျနော်တို့က အဲဒါကို စနောက်နေတယ်လို့ပဲ ထင်ထားခဲ့တာပါ။" လို့ ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ကစလို့ ထုတ်လွှင့်ခဲ့တဲ့ 'Single's Inferno' စီး*ီးမှာဆိုရင် ကျွန်းတစ်ခုပေါ်မှာ အချစ်ရှာဖွေကြမယ့် တကယ်တည်းသမားတွေက စုံတွဲတွေအနေနဲ့ လွတ်မြောက်နိုင်ဖို့ ကြိုးစားရတဲ့အကြောင်းကို ပြသထားပါတယ်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!