Logo
Print this page

ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ပို့မင်းသားဆု ရရှိခဲ့တဲ့ 'Squid Game' ထဲက အိုယွန်းဆူ

မင်းသားကြီး အိုယွန်းဆူဟာ ဒီနှစ်အတွက် ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ပို့မင်းသားဆု(ရုပ်သံ) ကို 'Squid Game' စီးရီးနဲ့ ရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့လော့စ်အင်ဂျလိစ်မြို့မှာ တိုက်ရိုက်ထုတ်လွှင့်မှုမပြုဘဲ သီးသန့် ပြုလုပ်ခဲ့တဲ့ အဲဒီဆုပေးပွဲကနေ အဆိုပါ ဆုကို ရရှိခဲ့တယ်လို့ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

အိုယွန်းဆူဟာ နံပါတ်ပြား ၀၀၁ လို့ လူသိများတဲ့ အိုအီနမ်အဖြစ် အဲဒီစီးရီးထဲမှာ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့ အချစ်ကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် အိုယွန်းဆူဟာ ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့တဲ့ ပထမဆုံးကိုရီးယားသရုပ်ဆောင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!