Banner Top

Member Area

“Yumi’s Cells” Webtoon ဒရာမာမှာ ပါဝင်သရုပ်ဆောင်မယ့် မင်းသမီး ကင်ဂိုအွန်း

မင်းသမီး ကင်ဂိုအွန်း ဟာဆိုရင် နာမည်ကျော် webtoon တစ်ခုဖြစ်တဲ့ "Yumi’s Cells" ရဲ့ လာမယ့်ဒရာမာမှာ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုလိုက်ပါပြီ။

မင်းသမီးဟာဆိုရင် စိတ်ခံစားချက်တွေကို ဖော်ပြဖို့အတွက်အခက်အခဲတွေရှိနေတဲ့ သာမန်ရုံးဝန်ထမ်းကောင်မလေး Yumi နေရာမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေ၊ ခံစားချက်တွေနဲ့ အတွေးတွေကို ထိန်းချုပ်ထားတဲ့ များပြားလှတဲ့ ဉီးနှောက်ဆဲလ်တွေက ဘဝမှာရှိတဲ့ သေးငယ်တဲ့အရာလေးတွေကနေ ပျော်ရွှင်မှုကို ရှာဖွေနေတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။

gg grgwrg

webtoon နဲ့ပတ်သက်လို့ မင်းသမီးက "သာမန်အမျိုးသမီးလေး Yumi ရဲ့အချစ်ဇာတ်လမ်းက လူတွေကို နှစ်ပေါင်းများစွာ ငိုအောင် ရယ်အောင်လုပ်နိုင်တာဟာ 'မျှဝေခံစာမှု၊ စာနာမှု' ရဲ့ စွမ်းအားလို့ထင်ပါတယ်။ ပြီးတော့ ကျွန်မရဲ့အနာဂတ်ခရီးကိုလည်း မျှော်လင့်နေပါတယ်" လို့မှတ်ချက်ပေးခဲ့ပါတယ်။

rg fgwerfg wefg

webtoon ရဲ့ကျော်ကြားမှု၊ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးဝန်ထမ်း တွေရဲ့ အရည်အချင်းတွေကြောင့် အောင်မြင်မယ့် ဒရာမာအဖြစ် မျှော်လင့်နိုင်ပါတယ်။ မင်းသမီး Kim Go Eun ဟာဆိုရင် "The King: Eternal Monarch"၊ "Goblin" နဲ့ "Cheese in the Trap" ဒရာမာတွေမှာ ပါဝင်ခဲ့ပြီး နာမည်ရခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် "My Halo Love"၊ "Familiar Wife" နဲ့ "Shopping King Louie" တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Sang Yeob ကရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ညွှန်းရေးသားသူအဖြစ် "Memories of the Alhambra"၊ "W" နဲ့ "Queen In Hyun's Man" တို့မှာ ဇာတ်ညွှန်းရေးသားခဲ့တဲ့ Song Jae Jung က ရေးသားမှာလည်း ဖြစ်ပါတယ်။ ဒီဒရမ်မာကိုတော့ အန်နီမေးရှင်းနဲ့ live-action နှစ်ခုစလုံးကို ပေါင်းစပ်သွားမှာဖြစ်ပြီး ၂၀၂၁ခုနှစ် အစောပိုင်းမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။

Banner Top