Logo
Print this page

ကင်ဆိုယွန်းရဲ့ စိတ္တဇဆန်ဆန် ဇာတ်ဝင်ခန်းနောက်ကွယ်မှ လျှို့ဝှက်ထားတဲ့အကြောင်းအရာ


အင်တာနက်အသုံးပြုသူတွေဟာ အခုနောက်ဆုံးထုတ်လွှင့်ခဲ့တဲ့ 'Penthouse' ဒရာမာရဲ့ အပိုင်း ၁၅ မှာ နောက်ဆုံး ပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ် အကြောင်းအရာတစ်ခုကို သိရှိခဲ့ကြပါတယ်။

အဲ့ဒီနောက်ကွယ်က အကြောင်းအရာကြောင့် ကြက်သီးမွေးညှင်းတောင် ထခဲ့ရတယ်လို့ဆိုပါတယ်။

1608180958418 1608180958418

အပိုင်း ၁၅ ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ ချွန်းဆောဂျင်းအဖြစ် သရုပ်ဆောင်ထားတဲ့ ကင်ဆိုယွန်းဟာ သူ့ရဲ့ မျက်စိရှေ့မှာတင် သူ့ရဲ့ ဖခင်သေဆုံးသွားတာကိုတွေ့ရှိခဲ့ရပြီးတဲ့နောက် လ့ကျင့်ရေးအခန်းထဲ အလျင်အမြန်ပေးပြီးတော့ စိတ္တဆန်ဆန် စန္ဒယားကိုတီးခတ်နေခဲ့ပါတယ်။

1608180975273 1608180975273

ချွန်းဆောဂျင်ဟာ သူ့ရဲ့ စန္ဒယားကို စိတ်လွတ်လက်လွတ် တီးခတ်နေတာပဲလို့ တချို့တွေက ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒရာမာရဲ့စာရေးဆရာဟာ ဒီဒရာမာကနေတဆင့် ဒီထက်ပိုနက်ရှိုင်းနဲ့ သတင်းစကားတစ်ခုကို မျှဝေပေးခဲ့ချင်တာပါ။

1608181056398 0

ချွန်းဆောဂျင်တီးခတ်နေတဲ့ သီချင်းရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။ အဲ့ဒီသီချင်းကတော့ Franz Liszt ရဲ့ 'Mazeppa' ဆိုတဲ့ သီချင်းဖြစ်ပါတယ်။ အဲ့ဒီသီချင်းကိုတော့ စန္ဒယားပညာရှင်တွေကြားမှာ တီးခတ်ဖို့ အခက်ဆုံး သီချင်းတစ်ပုဒ်အနေနဲ့ လူသိများကြပါတယ်။

အဲ့ဒီသီချင်းကတော့ Ivan Mazepa ဆိုသူရဲ့ အကြောင်း ဖြစ်ပါတယ်။ သူဟာ မြင့်မြတ်တဲ့ ပိုလန်အမျိုးသမီးတစ်ဦးကို မြှူဆွယ်ခဲ့မှု၊ ဖောက်ပြန်မှုတို့ကြောင့် အဖမ်းခံခဲ့ရပါတယ်။ မကြာခင်မှာပဲ အဲ့ဒီအမျိုးသမီးရဲ့ ခင်ပွန်းက Mazepa ကို ဝတ်လစ်စလစ်ခန္ဓာကိုယ်နဲ့ မြင်းရိုင်းတစ်ကောင် အနောက်မှာ ချည်ပြီး လွှတ်ပေးခဲ့ပါတယ်။ ဒါဟာ ဒရာမာထဲက ဇာတ်ကောင်တွေကြားမှာရှိတဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ တိုက်ရိုက်ပတ်သက်နေနိုင်တယ်လို့ အင်တာနက်အသုံးပြုသူတွေက ယုံကြည်နေကြပါတယ်။

အဲ့ဒီဒရာမာရဲ့ အပိုင်း ၁၅ ဟာ နိုင်ငံတဝန်းမှာ လူကြည့်နှုန်း ၂၃ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ ဆိုးလ်မြို့မှာတော့ ၂၅ ရာခိုင်နှုန်းရှိခဲ့တာကိုတွေ့ရပါတယ်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!