Banner Top

Member Area

ကြည့်ရှုနှုန်း မြင့်မားနေဆဲဖြစ်တဲ့ “The Penthouse” ဒရာမာ

SBS ရဲ့ “The Penthouse” ဒရာမာဟာ အရင်အပတ်ကပဲ ပထမဆုံးအကြိမ်အဖြစ် ၂၀ ရာခိုင်နှုန်းစံချိန်ချိုးပြီးနောက်မှာပဲ ကြည့်ရှုနှုန်း များပြားတဲ့ ဒရာမာအဖြစ် ဆက်လက်တည်ရှိနေဆဲပါ။

Nielsen Korea ရဲ့အဆိုအရ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းမှာဆိုရင် တစ်နိုင်ငံလုံး ပျမ်းမျှကြည့်ရှုနှုန်း ၁၇.၅ နဲ့ ၂၂.၀ ရာခိုင်နှုန်း မှတ်တမ်းတင်ခဲ့ပါတယ်။

အရင်အပတ်ရဲ့ ကြည့်ရှုနှုန်းကတော့ ၁၇.၆ နဲ့ ၂၂.၁ ရာခိုင်နှုန်း နီးပါး ရရှိခဲ့တာဖြစ်ပါတယ်။ ဆိုးလ်မြို့တော်တဝိုက်မှာဆိုရင် ကြည့်ရှုနှုန်းဟာ ၂၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

tvN မှာ ပြသနေတဲ့ “Awaken” ဒရာမာကတော့ အရင်အပတ်ရဲ့ ကြည့်ရှုနှုန်း ၄.၂၈၁ ရာခိုင်နှုန်းအောက် လျော့နည်းခဲ့ပြီး ကြည့်ရှုနှုန်း ၃.၉၂၁ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ MBC ရဲ့ “Kairos” ကတော့ ကြည့်ရှုနှုန်း ၂.၉နဲ့ ၂.၇ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

Banner Top