Banner Top

Member Area

'The Penthouse' ဒရာမာ Season 2 ရိုက်ကူးရေး အခုအပတ်နှောင်းပိုင်း စတင်မည်

'The Penthouse: War in Life' ဒရာမာရဲ့ Season 2 ရိုက်ကူးရေးကို မကြာမီစတင်မယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ SBS ကနေပြသနေတဲ့ 'The Penthouse: War in Life' ဒရာမာ ထုတ်လုပ်ရေးအဖွဲ့ဟာ အဲ့ဒီစီးရီးရဲ့ ဒုတိယမြောက် Season အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

အဲ့ဒီဒရာမာရဲ့ Season အသစ်အတွက် ရိုက်ကူးရေးကို အခုသီတင်းပတ်ထဲမှာ စတင်မယ်လို့ သိရပါတယ်။ ပထမဆုံး Season အတွက် ရိုက်ကူးရေးကတော့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

1607919679865 1607919679865

ပထမဆုံး Season ကတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်လွှင့်မယ့်အပိုင်း ၂၁ နဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။ အရင်တုန်းက သတင်းထုတ်ပြန်ထားသလို အဲ့ဒီဒရာမာဟာ Season 3 အထိ ရှိမှာဖြစ်ပါတယ်။ Sason 2 နဲ့ Season 3 တွေကို လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ ပဲ ထုတ်လွှင့်ပြသဖို့ရှိနေပါတယ်။

'The Penthouse: War in Life' ဒရာမာမှာတော့ Lee Ji-ah, Kim Soyeon, Eugene, Um Kijoon, Park Eunseok နဲ့ Yoon Jong-hoon တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်ထားကြပါတယ်။

အဲ့ဒီဒရာမာကတော့ အိမ်ခြံမြေနဲ့ ပညာရေးနယ်ပယ်မှာ နံပါတ် ၁ ဖြစ်လိုသူတွေရဲ့ ရန်ပွဲတွေအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ သားသမီးတွေကို ရွေးချယ်စရာမရှိတော့ဘဲ မကောင်းဆိုးရွာသဖွယ်ဖြစ်လာရတဲ့ အမျိုးသမီးတွေရဲ့ စုစည်းမှုနဲ့ လက်တုံ့ပြန်မှုတွေအကြောင်း ဖြစ်ပါတယ်။

အဲ့ဒီဒရာမာရဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ အပိုင်း ၁၃ ဟာ ကြည့်ရှုသူ ၂၀ ရာခိုင်နှုန်းအထိ ကျော်လွန်ခဲ့တာကိုတွေ့ရပါတယ်။

Banner Top