Banner Top

Member Area

COVID-19 ဘေးကင်းလုံခြုံရေးကြောင့် “More Than Friends” နောက်ဆုံးအပိုင်းများကိုရွှေ့ဆိုင်း

“More Than Friends” ဒရာမာထဲက မင်းသား “More Than Friends” ဟာ quarantine ဝင်နေရတာကြောင့် အဲ့ဒီဒရာမာရဲ့ နောက်ဆုံးအပိုင်းတွေ ပြသမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ိသိရပါတယ်။

COVID-19 အတည်ပြုလူနာနဲ့ မင်းသားဟာ ထိတွေ့မှုရှိခဲ့တယ်လို့ သိခဲ့ရပြီးတဲ့နောက် သူဟာ ဆေးစစ်ခံခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်မှာတော့ မင်းသားဟာ ပိုးမတွေ့ အဖြေထွက်ခ့တယ်လို့ သူ့ရဲ့အေဂျင်စီက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရောဂါကူးစက်နိုင်မှုအခြေအနေကို ကာကွယ်ဖို့ အစိုးရရဲ့ လမ်းညွှန်ချက်တွေအရ ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့သူတွေဟာ အချိန်ကာလတစ်ခုအထိ quarantine ဝင်ရောက်ရမှာလည်းဖြစ်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်မှာတော့ “More Than Friends” ဒရာမာဟာ ထုတ်ပြန်ချက်တစ်ခုကို ကြေညာခဲ့ပါတယ်။

"နိုဝင်ဘာ ၁၃ ရက်မှာ “More Than Friends” ဒရာမာသရုပ်ဆောင် တစ်ဦးမှာ ပိုးမတွေ့ရှိခဲ့ရပါဘူး။ ဒါပေမယ့် ရောဂါကူးစက်မှု ကာကွယ်ဆိုင်ရာ လမ်းညွှန်းချက်တွေနဲ့ သရုပ်ဆောင်တွေ၊ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှု အတွက် ကျနော်တို့ဟာ ရိုက်ကူးရေးကို ယာယီရပ်နားမှာဖြစ်ပြီး အပိုင်း ၁၅ နဲ့ ၁၆ ထုတ်လွှင့်မယ့် နေ့ကိုရွှေ့ဆိုင်းမှာဖြစ်ပါတယ်။ “More Than Friends” ရဲ့ အပိုင်း ၁၅ နဲ့ ၁၆ ကို နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက်တို့မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒရာမာကို အဆင်ပြေပြေပြီးမြောက်စေဖို့အတွက်နဲ့ COVID-19 ကူးစက်မှုကို ကာကွယ်ဖို့အတွက် လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး “More Than Friends" ကိုချစ်ကြတဲ့ ပရိသတ်တွေအနေနဲ့ နားလည်ပေးကြပါလို့ တောင်းဆိုလိုပါတယ်။"

လို့ဖော်ပြရေးသားခဲ့ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top