Banner Top

Member Area

၂၀၂၁ ခုနှစ်မှာ ပြသမယ့် "Like A Butterfly" ဒရာမာ အကြောင်း

၂၀၂၀ ပြည့်နှစ်မှာ Webtoon ကို ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေထဲမှာ Like a Butterfly ( Navillera) ဆိုတဲ့ လူအများစောင့်မျှော်နေတဲ့ ကားလေးလည်း ပါဝင်ပါတယ်။

ဘဲလေးအက အပေါ်မူတည်ထားတဲ့ဒီဒရာမာဇာတ်လမ်းလေးကိုဆိုရင် သိပ်မကြာခင်မှာပဲကြည့်ရတော့မှာဖြစ်ပါတယ်။

like a butterfly cast

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Park InHwan (Come back Mister , Mad Dog ,Liver or Die) Song Kang (When The Devil Calls Your Name ,Love Alarm )Na Moon Hee ( The Three Witches , Dear My Friend,Rain or Shine )Hong SeungHee (Psychopath Diary , Memorist, King Maker : The Change of Destinity ) တို့ပဲဖြစ်ပါတယ်။

Love Alarm ဆိုတဲ့ ဒရာမာနဲ့ လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ မင်းသားလေး Song Kang ကိုရီးယားဒရာမာ စီးရီးလောကရဲ့ ဝါရင့် သရုပ်‌ဆောင်တွေဖြစ်ကြတဲ့ Park In Hwan ,Na Moon Hee တို့ကတော့ပြောပြစရာမလိုအောင်ပဲ သိမယ်ထင်ပါတယ်။Hong Seung Hee ကတော့ ပွဲဉီးထွက်တာ သိပ်မကြာသေးတဲ့ တက်သစ်စအမျိုးသမီးသရုပ်‌ဆောင်ပဲဖြစ်ပါတယ်။

ဇာတ်ကားအမည် : Like A Butterfly / Like Butterfly / Navillera / Nabillera / 나빌레라
ဒါရိုက်တာ: Han DongHwa
ဇာတ်ညွှန်း : Lee EunNi
ရုပ်သံလိုင်း : tvN
ပြသမည့်အချိန် : ၂၀၂၁ ခုနှစ် အစောပိုင်း
အမျိုးအစား : Life, Family
အပိုင်း : ၁၆

 like a butterfly korean drama 1

အသက် ၇၀ အရွယ်မှာ ဘဲလေးအကကို သင်ယူတဲ့ အမျိုးသား တစ်ယောက်နဲ့ ၂၃ နှစ်အရွယ် ဘဲလေးအကသမားလေးတို့ အကြောင်းကိုအဓိက ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဘဝရဲ့ကျန်ရှိတဲ့ အချိန်တွေမှာ ကိုယ်သဘောကျတဲ့ အရာအဖြစ်တဲ့ ဘဲလေးအကကို သင်ယူချင် တဲ့အမျိုးသားတစ်ဉီးရယ် ဘဲလေးအက သည်သာ အိမ်မက်ဖြစ်တဲ့ ကောင်လေးတစ်ယောက် သူတို့နှစ်ဉီးကြားက သူငယ်ချင်းသံယောဇဉ်ကို Webtoon အနေနဲ့ တစ်ခါ အခုပြန်လှည်ပြီး ဒရာမာ အနေနဲ့ပါတွေ့ရတော့မှာဖြစ်ပါတယ် ။

ဇာတ်ကောင်တွေနဲ့ မိတ်ဆက်ပေးပါမယ် ...

ရှင်းဒေါ့ချော အဖြစ် ပတ်အင်ဟွမ်

like a butterfly cast Park InHwan as Shim DeokChul

အသက် ၇၀ အရွယ်အမျိုးသားတစ်ယောက် . တစ်ချိန်တုန်းက စာပို့သမားတစ်ဉီးဖြစ်ပြီး အငြိမ်းစာယူလိုက်တဲ့ သူဟာ ဟိုအရင်ကတည်းက မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ ဘဲလေးအကသမား တစ်ဉီးဖြစ်ရင်ကြိုးစားပါတော့တယ်။

လီချယ်ရို့ အဖြစ် ဆုန်းဂန်

Song Kang as Lee ChaeRok like a butterfly cast

၂၃ အရွယ် ဘဲလေးအကသမား ချယ်ရို့ အရည်အချင်းရှိတဲ့ အကသမားလေးတစ်ဉီးဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့ လူငယ်လေးလည်း ဖြစ်ပါတယ် ။ တစ်ချိန်တုန်းက ဘောလုံးကိုသာစိတ်ဝင်စားတဲ့ကောင်းလေးတစ်ယောက်သည် တနေ့မှာ ဘဲလေးအကဖျော်ဖြေပွဲကိုတွေ့ပြီး ဘဲလေးအကကို သဘောကျသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း သူရဲ့ဘဝဟာ ဒေါ့ချောလ် နဲ့တွေ့ပြီးတဲ့အခါမှာတော့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ် ။

ဟယ်နမ် အဖြစ် နာမွန်ဟီး

like a butterfly cast Na MoonHee as Hae Nam

ဒေါ့ချောရဲ့ အမျိုးသမီးဖြစ်ပြီး ကလေးတွေကို အရမ်းချစ်တဲ့ ဟယ်နမ် ။ သူမဘဝရဲ့ ရည်ရွယ်ချက်က ကလေးတွေကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေပဲ အေးအေးဆေး‌ဆေးနေထိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုနဲ့ တနေ့မှာသူ့အမျိုးသားက ဘဲလေးအက သင်ယူမယ်လို့ပြောလာပါတော့တယ်။

ဟုန်ဆွန်းဟီး အဖြစ် ရှင်းအွန်းဟို

like a butterfly cast Hong SeungHee as Shim EunHo

ဒေါ့ချော ရဲ့ မြေးမလေးဖြစ်ပြီး ဘဝတစ်လျှောက်လုံး ဖခင်ဖြစ်သူရဲ့ အစီအစဉ်အတိုင်းနေထိုင်လာတဲ့ အွန်ဟို ။ချယ်ရို့နဲ့ တွေပြီးတဲ့နောက်ပိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်ဘဝကိုရှာဖွေချင်လာခဲ့တဲ့ ကောင်မလေး ဖြစိပါတယ်။

ဒီ Webtoon ကို Hun , Jimin တို့ရေးခဲ့ပြီ ၂၀၁၆ ခုနှစ် ဇူလိုင်လကနေ ၂၀၁၇ ခုနှစ် အောက်တိုဘာလအထိ ထွက်ရှိခဲ့ပါတယ် ။ တော်တော်နာမည်ကြီးခဲ့တဲ့ Webtoon ပဲဖြစ်ပါတယ် ဘယ်လောက်လဲဆိုရင် BTS အဖွဲ့ဝင် V ကိုယ်တိုင် ထောက်ခံပေးထားတဲ့ Webtoon တစ်ပုဒ်ပဲဖြစ်ပါတယ်။
ကိုရီးယား ဗာရှင်းသာ ထွက်သေးတာ စိတ်မကောင်းစရာပါပဲ ။

Banner Top