Logo
Print this page

ဖက်ရှင်လောကအကြောင်းရိုက်ကူးမယ့် ဒရာမာမှာ ပါဝင်မယ့် မင်းသမီး ဆောင်းဟေဂို

မင်းသမီး ဆောင်းဟေဂို ဟာ ဖက်ရှင်လောကအကြောင်းရိုက်ကူးမယ့် ဒရာမာမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်ရိုက်ကူးဖို့ စဉ်းစားနေပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့မှာ Ilgan Sports ကနေပြီးတော့ မင်းသမီး ဆောင်းဟေဂိုဟာ "Now,We Are Breaking Up" ဆိုတဲ့ ဒရာမာမှာ Ha Young Eun အနေနဲ့ ပါဝင်လိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့အေဂျင်စီ UAA က " ဒါဟာ သူရိုက်ကူးဖို့ စဉ်းစားနေတဲ့ တခုတည်းသော ပရောဂျက်ပါ " လို့ Newsen ကို ပြောခဲ့ပါတယ်။

Ha Young Eun ဇာတ်ကောင်ဟာ ဖက်ရှင်ကုမ္ပဏီ တခုရဲ့ခေါင်းဆောင်ဖြစ်တဲ့အပြင် စမတ်ကျပြီး သွေးအေးတဲ့ သူတယောက်ပါ။အသက် ၃၈ နှစ် ရှိပြီဖြစ်ပေမဲ့ ဖက်ရှင်ကုမ္ပဏီတခုရဲ့ ဒီဇိုင်နာဆိုသလို ခန္ဓာကိုယ်ကို ထိန်းသိမ်းပြီး နုပျိုလှပတဲ့ ရုပ်သွင်ကို ပိုင်ဆိုင်ထားတယ်။ အလုပ်ကြိုးစားတယ်။ အချစ်ရေးကိစ္စတွေဟာ အချိန်ကုန်တယ်လို့ တွေးထားသူ တယောက်ဖြစ်ကြောင်းလည်း llgan Sportsက ဖော်ပြခဲ့ပါတယ်။

မင်းသမီး ဆောင်းဟေဂို သာ ရိုက်ကူးမယ်ဆိုရင်တော့ ဒီ ဒရာမာဟာ "Encounter" ရိုက်ကူးပြီ ၂ နှစ်အကြာမှ ပထမဆုံး ပြန်လည်ရိုက်ကူးမယ့် ဒရာမာပဲ ဖြစ်ပါတယ်။

"Now,We Are Breaking Up" ဟာ "Misty" ကို ရေးတဲ့ စာရေးဆရာ Je Inက ရေးတာဖြစ်ပြီး ဒါရိုက်တာကတော့"My Love From Another Star" , "Vagabond"နဲ့ "Dr.Romatic" တို့ကို ရိုက်ကူးခဲ့တဲ့ Lee Gil Bokပါ။

J

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!