Logo
Print this page

'I Live Alone' အစီအစဉ်မှာ ဇိမ်ခံတိုက်ခန်းအသစ်ကြီးကို ပြသမယ့် အန်းဘိုယောင်း

မင်းသား အန်းဘိုယောင်းဟာ သူ့ရဲ့ တိုက်ခန်းကြီးကို ပြသဖို့ ရှိနေပါတယ်။


မင်းသားဟာ မကြာမီတင်ဆက်တော့မယ့် MBC ရဲ့ 'I Live Alone' အစီအစဉ်ရဲ့ အပိုင်း ၃၇၀ မှာ သူ့ရဲ့ တိုက်ခန်းအသစ်ကြီးကို ထုတ်ပြခဲ့ပါတယ်။ သူဟာ အဲ့ဒီတိုက်ခန်းကို ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပြီး ဒါဟာ သူ့ရဲ့ဘဝမှာ ပထမဆုံး ပိုင်ဆိုင်ရတဲ့အိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

1604541784820 0

အခုအောက်မှာပြထားတဲ့ ဗီဒီယိုထဲမှာတော့ မင်းသားရဲ့ အိမ်ကြီးကို မြင်တွေ့နိုင်မှာဖြစ်ပြီး အတွင်းပိုင်းမှာတော့ အနုပညာလက်ရာမြောက်တဲ့ ပြင်ဆင်ခြယ်သမှုတွေတွေနဲ့ လှပနေတာကိုလည်း တွေ့ရမှာပါ။

1604541359755 1

မင်းသား အန်းဘိုယောင်းဟာ အိမ်မှာ တစ်ယောက်တည်း အချိန်ကုန်လေ့ရှိခဲ့ အိမ်ချစ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ပန်းချီဆွဲခြင်းနဲ့ အချိန်ကုန်ဆုံးလေ့ရှိသူလို့လည်း ဆိုပါတယ်။

1604541844912 0

သူက "နေကြာပန်းတွေကို ပန်းချီဆွဲဖို့ထက် စိုက်ကြီးကြီးထွားလာတာက ပိုမြန်မယ်လို့တောင် ထင်ပါတယ်။" လို့ ရယ်ရယ်မောမောပြောဆိုခဲ့ပါတယ်။

မင်းသား ကင်ဂျီဟွန်းဟာလည်း အဲ့ဒီအပိုင်းမှာ သူ့ရဲ့နေ့စဉ်ဘဝအကြောင်း ဝေမျှခဲ့တာကိုတွေ့ရပါတယ်။

1604541365117 3

အဲ့ဒီအပိုင်း အပြည့်အစုံကို လာမယ့် နိုဝင်ဘာ ၆ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၁၁ နာရီ ၁၀ မိနစ်မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။ အောက်မှာ အကြိုပြသမှုဗီဒီယိုလေးကိုလည်း ကြည့်လိုက်ပါဦးနော်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!