Warning
  • JUser: :_load: Unable to load user with ID: 614

Banner Top

Member Area

Wanna One အဖွဲ့ဝင် ကင်ဂျယ်ဟွမ်း CJ E&M နှင့် စာချုပ်ချုပ်ဆို

“Produce 101 Season 2” မှာ ဝင်ပြိုင်ခဲ့ရာကနေ Wanna One အဖွဲ့ဝင် ဖြစ်လာခဲ့တဲ့ ကင်ဂျယ်ဟွမ်းဟာ CJ E&M နဲ့ စာချုပ်သစ်တစ်ရပ်ကို မကြာသေးခင်က ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

BLACKPINK အဖွဲ့၏ 'As If It's Your Last' MV ကို Youtube တွင် ကြည့်ရှုသူ သန်း ၁၀၀ ကျော်သို့ ရောက်ရှိ

BLACKPINK အဖွဲ့ရဲ့ "As If It's Your Last" MV ဟာ ဒီနေ့မှာပဲ Youtube မှာ ကြည့်ရှုသူ သန်း ၁ဝဝ ကျော် လွန်သွားခဲ့ပြီဖြစ်တယ်လို့ အဖွဲ့ရဲ့ အေဂျင်စီက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ဖြန့်ချိခဲ့တဲ့ အဲဒီသီချင်းဟာ "Boombayah"၊ "Playing with Fire" နှင့် "Whistle" သီချင်းတွေ နောက်ပိုင်း မှတ်တိုင် သစ်စိုက်ထူနိုင်ခဲ့တဲ့ စတုတ္တမြောက် ဂီတဗီဒီယို ဖြစ်လာခဲ့ကြောင်း YG အင်တာတိန်းမန့်က ဆိုလိုက်ပါတယ်။ ဒီမှတ် တိုင် သစ် ကိုရောက် ဖို့ ၄၆ ရက်ကြာမြင့်ခဲ့တာပါ။

KBS ရုပ်သံမှထုတ်လွှင့်မည့် မှုခင်းဒရမ်မာတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းချက်ကို ဂုံမြောင်လက်ခံ

ကောင်းကင်နတ်ဘုရား မင်းသား ဂုံမြောင်ဟာ KBS2 ကနေ မကြာခင်ထုတ်လွှင့်မည့် Mad Dog အမည်ရှိတဲ့ ဒရမ်မာမှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို သုံးသပ်နေတယ်လို့ သိရပါတယ်။ သြဂုတ် ၈ ရက်မှာ သူု့ရဲ့ အေဂျင်စီဖြစ်တဲ့ Fantagio အင်တာတိန်းမန့် က သတင်းအရင်းအမြစ်တစ်ခုက အခုလိုမျိုး ပြောကြားထားပါတယ်။

၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ နတ်ဖက်တဲ့ အနုပညာစုံတွဲများ

၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ နတ်ဖက်တဲ့ အနုပညာစုံတွဲများ

၂၀၁၇ ခုနှစ်ဟာ အနုပညာရှင် ချစ်သူတွေနဲ့ ကြင်စဦးဇနီးမောင်နှံတွေအတွက် မင်္ဂလာရှိတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အခုလာမယ့် အောက်တိုဘာမှာလည်း အများကစိတ်ဝင်စားနေတဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ရဲ့ လက်ထပ်ပွဲ ကို ပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ လက်ထပ်ခဲ့ကြတဲ့ အနုပညာရှင် ဇနီးမောင်နှံတွေနဲ့ သူတို့ဘယ်လို ဟန်းနီးမွန်းကာလကို ရောက်ရှိလာကြတယ်ဆိုတာ ကြည့်ကြရအောင်

“The Return of Superman” အစီအစဉ်တွင် စတီဗင်ယွန်းပါဝင်မည်ဟုအတည်ပြု

ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်တဲ့ စတီဗင်ယွန်းဟာ KBS2 TV ကနေ ထုတ်လွှင့်မယ့် “The Return of Superman” အစီအစဉ်မှာပါဝင်တော့မှာဖြစ်ပါတယ်။ ဒီနေ့ သြဂုတ် ၈ ရက်မှာပဲ သူဟာ ဆမ် ဟမ်မင်တန်နဲ့ သားဖြစ်သူ ဝီလီယမ် တို့နဲဲ့အတူ အစီအစဉ်ရိုက်ကူူးနေတယ်လို့ အတွင်းသတင်းတွေက ဆိုပါတယ်။

ဘတ်ဂျီယောင်းနှင့် BIGBANG အဖွဲ့ဝင် ထယ်ယန်း တို့ “Fantastic Duo 2” အစီအစဉ်တွင် ပါဝင်လာမည်

ဘတ်ဂျီယောင်းနဲ့ BIGBANG အဖွဲ့ဝင်ထယ်ယန်းတို့ဟာ SBS ကနေ ထုတ်လွှင့်မယ့် “Fantastic Duo 2” အစီအစဉ်တွင် ပါဝင်မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ အစီအစဉ်မှာ ပါဝင်မယ်လို့ သတင်းများထွက်ပေါ်လာ ခဲ့ပြီးတဲ့နောက် SBS က အခုလိုမျိုးအတည်ပြုလိုက်တာဖြစ်ပါတယ်။

NU'EST အဖွဲ့၏ ပရိသတ်များက လိင်ကျွန်ဖြစ်ခဲ့ရသူများကို ကူညီရန် ဝမ် ၆၃ သိန်းကို လှူဒါန်း

NU'EST အဖွဲ့ရဲ့ ပရိသတ်တွေဟာ ယခင်က လိင်ကျွန်ဖြစ်ခဲ့ရသူတွေကို ကူညီဖို့ အံ့သြလောက်ဖွယ် ငွေပမာဏ တစ်ခုကို လှူဒါန်းခဲ့ကြပါတယ်။ Marymond ဆိုတာကတော့ ဖုန်းပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ရရှိလာတဲ့ အမြတ်တွေကို ဂျပန်ကိုလိုနီခေတ်နဲ့ ဒုတိယကမ္ဘာစစ်ကာလများအတွင်း လိင်ကျွန် ဖြစ်ခဲ့ရတဲ့ သက်ကြီးရွယ်အို အမျိုး သမီးတွေ ကို ကူညီလေ့ရှိ ပါတယ်။ Ren ဟာ တံဆိပ်တွေနဲ့ ဖုန်းပစ္စည်းတွေလိုမျိုး Marymond ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အသုံးပြုတယ်လို့ လူအများသိကြပါတယ်။

BOYS24 ၏ ပွဲဦးထွက်အဖွဲ့ဝင်ရွေးချယ်ပွဲကို ယခုသီတင်းပတ်တွင် V Live မှ တိုက်ရိုက်ထုတ်လွှင့်မည်

BOYS24 ရဲ့ နောက်ဆုံးပွဲဦးထွက်အဖွဲ့ဝင် ရွေးချယ်ပွဲဖြစ်တဲ့ 'BOYS24 THE FINAL' အစီအစဉ်ကို ယခုသီတင်းပတ်မှာ Naver ရဲ့ V Live မှတဆင့်တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ နောက်ဆုံးအဆင့်ပွဲစဉ်ကို ဆိုးလ်မြို့မှာရှိတဲ့ အိုလံပစ် ခန်းမ မှာ သြဂုတ် ၁၂ ရက် မှာ ကျင်းပမှာ ဖြစ်ပြီး တစ်နှစ်နဲ့ ခြောက်လကြာခဲ့တဲ့ ပရိသတ်ကရွေးချယ်တဲ့ လုပ်ငန်းစဉ်အဆုံးသတ်မှာဖြစ်ပြီး အဲဒီအစီအစဉ်ကနေ အဖွဲ့တစ်ခုအနေနဲ့ ပွဲဦးထွက်ဖို့ နောက်ဆုံးအဖွဲ့ဝင် ၉ ဦးကိုရွေး ချယ်မှာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲတစ်ခုအတွင်း အားကုန်ခမ်း၍ မူးလဲခဲ့ပြီးနောက် စိတ်ပူနေသော ပရိသတ်များကို VIXX အဖွဲ့ဝင် N တောင်းပန်

အပူလွန်ကဲမှုကြောင့် ပြင်ပဖျော်ဖြေပွဲတစ်ခုအတွင်း အားအင်ကုန်ခမ်းလို့ မူးလဲခဲ့ပြီးနောက် VIXX အဖွဲ့ဝင် N ဟာ သူ့ရဲ့ တွစ်တာအကောင့်ကနေပြီး ပရိသတ်တွေကို စိတ်ပူစေမိခဲ့တဲ့အတွက် တောင်းပန်လိုက်ပါတယ်။

Samuel Kim ၏ “Sixteen” မီနီအယ်လ်ဘမ် ကော်ပီ ပထမအသုတ် အချပ်ရေအားလုံး ရောင်းကုန်

Samuel Kim ရဲ့ တစ်ကိုယ်တော်မီနီအယ်လ်ဘမ် ပထမအသုတ် အချပ်တွေဟာ အားလုံးရောင်းကုန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ အနုပညာရှင်လေးဖြစ်တဲ့ Samuel ဟာ “Sixteen” အမည်ရှိတဲ့ မီနီအယ််လ်ဘမ်နဲ့ သြဂုတ် ၂ ရက်နေ့မှာ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။

Banner Top