Logo
Print this page

Kpop နဲ့အတူ တပြိုင်နက်တည်း နာမည်ကျော်ကြားလာတဲ့ ကိုရီးယားဘာသာစကား

ကိုးရီးယားဘာသာစကားကို အခုဆိုရင် အင်တာနက်ပေါ်က နေရာအနှံ့မှာ တွေ့ရှိနိုင်ပြီး နိုင်ငံတကာ K-pop ပရိသတ်တွေဟာလည်း သူတို့ ကြိုက်နှစ်သက်တဲ့ သီချင်းစာသားတွေကတဆင့်ကိုးရီးယားစကားကို အသုံးပြုပြီး ပို့စ်တွေရဲ့ မှတ်ချက်တွေမှာ ကိုးရီးယားလို ရေးသားလာကြပါတယ်။

ကိုးရီးယားဘာသာစကားကို ကမ္ဘာပေါ်မှာ ကျယ်ပြန့်စွာ အသုံးပြုခြင်း မရှိတာကြောင့် နိုင်ငံခြားသားတွေကို ပိုမို စိတ်ဝင်စားစေပြီး တိုင်းပြည်ရဲ့ အဓိကရပ်တည်မှုတခုဖြစ်တဲ့ K-pop နဲ့ နိုင်ငံရဲ့ ဖျော်ဖြေရေးနယ်ပယ်ကြောင့်လည်းနိုင်ငံခြားသားတွေကို ပိုမို ဆွဲဆောင်နိုင်စေပါတယ်။

6d8ad6d2 0ce7 11eb 94e0 02af7fd927c6 image hires 224831

K-pop ပရိသတ်တွေဟာ oppa,noonadaebakစတဲ့ ကိုးရီးယားစကားလုံးတွေကို အင်တာနက်ပေါ်မှာ အများဆုံး အသုံးပြုကြလေ့ရှိပါတယ်။

ဒါ့အပြင် BTS, BLACKPINKတို့လို နာမည်ကြီး K-pop အဆိုတော်တွေကြောင့်လည်း ကိုးရီးယားဘာသာစကားဟာ ပိုမို ကျော်ကြားလာပြီး ရုပ်သံအစီအစဉ် ထုတ်လုပ်ရေး ကုမ္ပဏီတွေ ပုဂ္ဂလိကအဖွဲ့အစည်းတွေကလည်း ကိုးရီးယားဘာသာစကားကို စိတ်ဝင်စားသူတွေအတွက် K-popကို အခြေခံတဲ့ ပညာရေးဆိုင်ရာ အကြောင်းအရာတွေကို ဖန်တီးနိုင်ဖို့ ကြိုးစားနေကြပါတယ်။

6f0c5c76 14dd 11eb 9ff1 f14650b70f66 972x 224831

သြဂုတ်လမှာပဲ BTS ရဲ့ အေဂျင်စီဖြစ်တဲ့ Big Hitရဲ့ ပညာရေးလက်အောက်ခံ Big Hit Edu ကစီးပွားရေးဗျူဟာရဲ့ အစိတ်ပိုင်းတခုအဖြစ်လည်းBTS အဖွဲ့ဝင်တွေကိုယ်တိုင် ပါဝင်ထားတဲ့ ဗီဒီယိုတွေပါဝင်တဲ့ Learn!Korean With BTS ကို ထုတ်ဝေခဲ့ပါတယ်။ကေဘယ်ချန်နယ်ဖြစ်တဲ့ WeeTV ဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက K-Language School လို့ခေါ်တဲ့ အစီအစဉ်တစ်ခုကို လွှင့်တင်ခဲ့ပါတယ်။ အဲ့ဒါကတော့ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ ခမာ၊ မလေး၊ နီပေါ၊ ရုရှား၊ စပိန်၊ ထိုင်းနဲ့ အူရဒူစတဲ့ မတူညီတဲ့ဘာသာစကား ၁၀ မျိုးနဲ့ ကိုရီးယားမဟုတ်သူတွေကို ကိုရီးယားဘာသာစကား သင်ကြားပေးဖို့ပဲ ဖြစ်ပါတယ်။

unnamed

ဒါ့အပြင် Kpop အပါအဝင် ကိုရီးယားယဉ်ကျေးမှုအကြောင်း ကြည့်ရှုသူတွေကို အသိပညာပေးဖို့လည်း ဖြစ်ပါတယ်။ tvN ရုပ်သံရဲ့ K-pop Cultural Centre အပိုင်း ၇ ပိုင်းမှာလည်း Kpop သီချင်းတွေထဲက ကိုရီးယားစာအသုံးအနှုန်းဖော်ပြချက်တွေကို သင်ကြားပေးခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ ဖြန့်ချိခဲ့ပါတယ်။


ကမ္ဘာတဝန်းမှာ ကိုရီးယားစာသင်ကြားရေး အစီအစဉ်တွေကို ထုတ်လွှင့်ကြတဲ့ အဖွဲ့အစည်းအရေအတွက်ဟာ ၂၀၀၇ ခုနှစ်မှာ ၆၃၂ ခုသာရှိရာကနေ ၂၀၁၇ ခုနှစ်မှာ ၁၃၄၈ ခုအထိ တိုးတက်လာခဲ့တယ်လို့ ကိုရီးယား ဖောင်ဒေးရှင်းကဆိုပါတယ်။

ဒါဟာ BTS အဖွဲ့အပါအဝင် K-pop အဖွဲ့တွေနဲ့ နာမည်ကျော်ကြားမှုကြောင့် အခုလိုအမြန်နှုန်းနဲ့ တက်လာတာလည်းဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ထဲမှာ ကိုရီးယားယဉ်ကျေးမှုရဲ့ လက်ရှိအခြေအနေရောင်ပြန်ဟပ်မှုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုကြပါတယ်။

 

J

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!