Logo
Print this page

aespa အဖွဲ့ရဲ့ 'Black Mamba' သီချင်းနဲ့ ပွဲဦးထွက်မယ့်ရက်ကို SM အတည်ပြု

aespa အဖွဲ့ဟာ သူတို့ပွဲဦးထွက်မယ့်ရက်ကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

SM အင်တာတိန်းမန့်ရဲ့ အဲ့ဒီမိန်းကလေးအဖွဲ့သစ်ဟာ "Black Mamba"ဆိုတဲ့ Single သီချင်းနဲ့ ပွဲဦးထွက်လာတော့မှာဖြစ်ပါတယ်။

aespa ဆိုတဲ့အဓိပ္ပါယ်ကတော့ 'avatar x experience' လို့ အဓိပ္ပါယ်ရတဲ့ 'ae' နဲ့ အင်္ဂလိပ်စကားလုံး 'aspect' ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ အဖွဲ့နာမည်ကတော့ ကိုယ့်ရဲ့ ပုံစံကို Avatar တစ်ခုအနေနဲ့ ဝိသေသပြုပြီး ကမ္ဘာအသစ်အသစ်တစ်ခုကို တွေ့ကြုံရတဲ့ဆိုတဲ့ ပုံကိုဖော်ဆောင်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ လာမယ့် နိုဝင်ဘာလမှာ ပွဲဦးထွက်လာတော့မှာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်မှာ NCT အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ်မှာ Red Velvet အဖွဲ့တို့ကို တည်ထောင်ခဲ့ပြီးတဲ့နောက် SM ကနေစင်တင်မယ့် ပထမဆုံး မိန်းကလေး အဖွဲ့ဖြစ်ပါတယ်။

"Black Mamba" သီချင်းကို လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့ ကိုရီးယား စံတော်ချိန် ညနေ ၆ နာရီမှာ ဖြန့်ချိမှာဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!