Banner Top

Member Area

IOK ဒါရိုက်တာ ကင်ဟန်ဘင်းရဲ့ Instagram မှာ Follower ၃ သန်းသို့ ရောက်ရှိ

  •  WN
  • Category: News

IOK ကုမ္ပဏီရဲ့ In-House Director ဒါရိုက်တာ ကင်ဟန်ဘင်းရဲ့ Instagram အကောင့်မှာ Follower အရေအတွက် ၃ သန်းကို အောက်တိုဘာ ၂၉ ရက်မှာ ရောက်ရှိခဲ့ပါတယ်။


ဒါဟာ သူ့ရဲ့အကောင့်ကို ပြန်သုံးခဲ့ပြီး သီတင်းတစ်ပတ်အကြာမှာဖြစ်ပြီး Follower အရေအတွက် ၆ သိန်းလောက် ထပ်တိုးရရှိလာတာဖြစ်ပါတယ်။

IMG 20201029 104624

သူမကြာသေးခင်တုန်းက တင်ထားခဲ့တဲ့ပို့စ်ကတော့ ပရိသတ်တွေဆီက အချစ်တွေ ရရှိခဲ့ပြီး Like ပေါင်း ၁ ဒဿမ ၂ သန်းနဲ့ မှတ်ချက် ၂ သိန်း ၉ သောင်းကျော်ရရှိခဲ့ပါတယ်။ မကြာသေးမီကစလို့ သူ့ရဲ့ အကောင့်ကို ပြန်သုံးလာတဲ့ သူ့အတွက် ပရိသတ်တွေက အထူးပျော်ရွှင်နေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
သူ့ရဲ့မွေးနေ့တုန်းကလည်း Trending ဖြစ်ခဲ့ပြီး နိုင်ငံအသီးသီးနဲ့ ကမ္ဘာတဝန်းမှာ Trend ဖြစ်ခဲ့ပါတယ်။ ပါရမီရှင် အဆိုတော်၊ သီချင်ရေးဆရာ၊ သီချင်းဖန်တီးသူ ဟန်ဘင်းရဲ့ သီချင်းတွေ နားထောင်ချင်တယ်ဆိုရင် SoundCloud မှာ 131 လို့ ရှာဖွေနိုင်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top