Logo
Print this page

ကိုရီးယား ထိပ်တန်းအဆိုတော် ၆၃ ယောက် တနှစ်ကို ဝင်ငွေဘယ်လောက်ရနေလဲ

ကိုရီးယား ထိပ်တန်းအဆိုတော် ၆၃ ယောက်ကတော့ တနှစ်မှာ ဝမ် ၂၁၇.၁ ဘီလီယံ( USD 192.3 million) ရရှိနေပါတယ်။

အောက်တိုဘာလ၂၆ရက်နေ့မှာ အမျိုးသားလွှတ်တော် စီမံကိန်းနဲ့ အခွန်ရေးရာ ကော်မတီက ၂၀၁၄ခုနှစ်ကနေ ၂၀၁၈ခုနှစ်အတွင်းတောင်ကိုးရီးယားအဆိုတော်တွေရဲ့ ဝင်ငွေနဲ့ပက်သက်တဲ့ ဒေတာတွေကို ထုတ်ပြန်ခဲ့ပါတယ်။ဒါကို ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ ဝင်ငွေတွေနဲ့ပက်သက်ပြီး အစိုးရကို တင်ပြထားတဲ့ အနုပညာလှုပ်ရှားမှုရှိနေဆဲ အဆိုတော် စုစုပေါင်း ၆,၃၇၂ယောက် ရှိပါတယ်။

1603690883915 1603690883914

၂၀၁၈ခုနှစ်အတွင်း တောင်ကိုးရီးယားနိုင်ငံ အဆိုတော်တွေရဲ့ ဝင်ငွေအကျဉ်းချုပ်ဟာ စုစုပေါင်း ဝမ် ၄၀၉.၅ဘီလီယံ(USD 362.7 million) ရှိပါတယ်။ဒါပေမဲ့ ဒီစာရင်းရဲ့ ထိပ်တန်း ၁ရာခိုင်နှုန်းသောအဆိုတော်တွေရဲ့ ဝင်ငွေဟာ ဝင်ငွေစာရင်းရဲ့ ၅၃ရာခိုင်နှုန်း ဖြစ်ပါတယ်။ အချက်အလက်တွေအရဆိုရင် ထိပ်တန်းအဆိုတော် ၆၃ ယောက်ဟာ တနှစ်ကို ဝမ် ၂၁၇.၁ ဘီလီယံ(USD 192.3million)ရှာဖွေနိုင်ပြီး သူတို့ရဲ့ တနှစ်ဝင်ငွေဟာ ပျမ်းမျှ ဝမ် ၃.၄ဘီလီယံ (USD 3million)ပါ။

ဒီ trend ဟာတီဗွီအစီအစဉ်တွေမှာ လူသိများသူတွေလည်း ပါဝင်ပါတယ်။အချက်အလက်တွေအရ ၂၀၁၈ခုနှစ်မှာဆိုရင်တီဗွီအစီအစဉ်တွေမှာ လူသိများတဲ့သူ စုစုပေါင်း ၁၈,၀၇၂ယောက်ဟာ ဝင်ငွေ ၆၅၃.၁ ဘီလီယံ(USD 578.3 million)ရှိပါတယ်။နှစ်စဉ်နှစ်တိုင်းမှာ ထိပ်တန်းနာမည်ကြီး ၁ရာခိုင်နှုန်းသောသူတွေရဲ့ဝင်ငွေဟာ ပျမ်းမျှ ၁.၇၃ဘီလီယံ(USD 1.5 million) ဖြစ်ပါတယ်။

J

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes
Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!