Banner Top

Member Area

စစ်မှုထမ်းမယ့် Chen နဲ့အတူ ဓာတ်ပုံရိုက်ခဲ့ကြတဲ့ EXO အဖွဲ့ဝင်များ

  •  YuNandarHtun
  • Category: News

EXO အဖွဲ့ဟာ စစ်မှုမထမ်းခင် လှပတဲ့ ဓာတ်ပုံကို ဝေမျှခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ၂၆ရက်နေ့မှာ Chen ဟာ တာဝန်ကျစစ်သားတစ်ဦးအနေနဲ့ စစ်မှာမထမ်းမီ အခြေခံလေ့ကျင့်ရေးသင်တန်း တက်ရောက်ရမယ့် လေ့ကျင့်ရေးစခန်းကို ရောက်လာခဲ့ပါတယ်။ သူဟာ စစ်တပ်ထဲကို တိတ်တဆိတ်သာ ဝင်ရောက်ဖို့ဆန္ဒရှိခဲ့တဲ့ အတွက်ကြောင့်မို့ စစ်မှာထမ်းမယ့် အချိန်နဲ့နေရာကို သီးသန့်သာ ထားရှိခဲ့တာ ဖြစ်ပါတယ်။

exo 2

အဲ့ဒီတစ်ရက်ထဲမှာပဲ SM Entertainmentဟာ Suho၊ Baekhyun ၊Chanyeol နဲ့ Sehun တို့နဲ့အတူ လေ့ကျင့်ရေးစခန်းမှာ ရိုက်ကူးထားတဲ့ Chen ရဲ့ ဓာတ်ပုံတွေကို EXO ရဲ့ ဖန်ကလပ် communityဖြစ်တဲ့ LYSNမှ တင်ခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေက Chenနဲ့အတူ ပျော်ရွှင်စွာရိုက်ကူးထားပြီးတော့ ဓာတ်ပုံတစ်ခုမှာဆိုရင် Chenရဲ့ဦးခေါင်းကို ပျော်ရွှင်စွာပွတ်နေတဲ့ ပုံလေးကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

Chenဟာ Xiumin၊ DO နဲ့ Suho တို့ပြီးတဲ့နောက် စစ်မှုထမ်းတဲ့ စတုတ္ထမြောက် EXOအဖွဲ့ဝင်လည်း ဖြစ်လာခဲ့ပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top