Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

“Make a Wish (Birthday Song)” အတွက် Reaction ဗီဒီယိုလုပ်ခဲ့တဲ့ NCT U အဖွဲ့

  •  YuNandarHtun
  • Category: News

NCT U ကသူတို့ရဲ့“ Make A Wish (Birthday Song)” ဂီတဗီဒီယိုအသစ်အတွက်ကြည်နူးဖွယ်ကောင်းတဲ့ Reaction ဗီဒီယိုတစ်ခုကိုဝေမျှထားပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မှာ NCT U ဟာသူတို့ရဲ့ "Make A Wish (Birthday Song)" ဂီတဗီဒီယို အတွက် ပျော်စရာကောင်းတဲ့ Reaction ဗီဒီယိုကို တင်ခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ်ဂီတဗီဒီယိုကိုကြည့်ရှုခြင်းမှာ အဖွဲ့ဝင်တွေက သူတို့ရဲ့စိတ်လှုပ်ရှားမှုကိုဖော်ပြပြီး ဗီဒီယိုကို စတင်ပါတယ်။

Taeyong က “ဒီတေးဂီတဗီဒီယိုကိုကျွန်တော်တို့မနေ့ကပဲလုပ်ဖြစ်ခဲ့တာဖြစ်လို့အရမ်းအံ့သြသွားတယ်”  လို့ဆိုထားပါတယ်။

ဗီဒီယိုဖိုင်တစ်လျှောက်မှာ Taeyong၊ Doyoung၊ Jaehyun၊ Lucas၊ Xiaojun၊ Jaemin နဲ့ Shotaro တို့တစ်ဦးချင်းစီရဲ့မြင်ကွင်းတွေကို လေးစားပြီးအေးအေးဆေးဆေးကြည့်ရှုခဲ့ကြပြီး သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် အဖွဲ့သားတွေကိုချီးကျူးခဲ့ပါတယ်။ ဂီတဗီဒီယိုရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ ပါဝင်တဲ့ အဖွဲ့ဝင် ၇ ဦးလုံးဟာ မီးတောက်ထဲမှာ မှော်ဆန်ဆန် ပျော်ကွယ်ငွားကြတဲ့ ဇာတ်ဝင်ခန်းတစ်ခုအပါအဝင် ဂီတဗီဒီယိုထဲမှာ ပါဝင်တဲ့ အထူးပြုလုပ်ချက်တွေကြောင့် တော်တော်လေး စိတ်လှုပ်ရှားနေခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

“Make a Wish (Birthday Song)” ဂီတဗီဒီယိုအပေါ် NCT U ရဲ့ Reaction ဗီဒီယိုကို အင်္ဂလိပ်စာတန်းထိုးနဲ့ Youtube မှာလည်း ကြည့်နိုင်ပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top