Logo
Print this page

စွဲချက် ၈ ခုအတွက် ဒုတိယအကြိမ် အမှုကြားနာပွဲကို Seungri တက်ရောက်

အောက်တိုဘာ ၁၄ ရက်မှာတော့ Seungri ဟာ ယုန်အင်းမြို့မှာရှိတဲ့ မြေပြင်စစ်ဆေးရဲကွပ်ကဲမှုအဖွဲ့ရဲ့ အထွေထွေစစ်တပ်တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ကြားနာပွဲကို တက်ရောက်ခဲ့ပါတယ်။

စစ်ချက်ယူဖို့ ဆင့်ခေါ်ခံထားရတဲ့ မျက်မြင်သက်သေ ၂၂ ဦးထဲမှာ Jung Joon Young နဲ့ Yuri Holdings စီအီးအိုဟောင်း Yoo In Suk တို့ ပါဝင်တာကိုလည်းတွေ့ရပါတယ်။

Seungri ဟာ ပြည့်တန်ဆာဝန်ဆောင်မှုကို ဝယ်ယူမှု၊ ပြည့်တန်ဆာကြားခံဆက်သွယ်ပေးမှု၊ ငွေကြေးမလျော်မကန်သုံးစွဲမှု၊ တိကျတဲ့ငွေကြေးပမာဏထက် ကျော်လွန်ပြီး အလွဲသုံးစားပြုမှုထပ်ဆောင်းစွဲချက်ပါတဲ့ အထူးစီးပွားရေးဆိုင်ရာ ရာဇဝတ်မှု၊ အစားအသောက်သန့်ရှင်းမှု အက်ဥပဒေ ချိုးဖောက်မှု၊ လောင်းကစားပုံမှန်လုပ်ဆောင်မှု၊ နိုင်ငံခြားငွေလဲလှယ်မှု အက်ဥပဒေ ချိုးဖောက်မှု၊ ပြစ်မှုဆိုင်ရာ အထူးအမှုများ အက်ဥပဒေ ချိုးဖောက်မှုတွေနဲ့ စွဲချက်အတင်ခံခဲ့ရတာဖြစ်ပါတယ်။


သူ့ရဲ့ပထမဆုံးကြားနာမှုမှာတော့ Seungri ဟာ နိုင်ငံခြားငွေကြေး လဲလှယ်မှုအက်ဥပဒေ ချိုးဖောက်မှုဆိုတဲ့ စွဲချက်တစ်ခုတည်းကိုသာ ဝန်ခံခဲ့ပါတယ်။ Yoo In Suk ကတော့ ပြည့်တန်ဆာကြားဝင်ညှိနှိုင်းပေးမှု အပါအဝင် သူ့ရဲ့ စွဲချက်တွေအတွက် အပြစ်ရှိကြောင်းပြောဆိုထားပြီး Seungri ဟာ ပြည့်တန်ဆာဝန်ဆောင်မှုကို ဝယ်ယူခဲ့မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို ငြင်းဆိုထားပြီး သူကိုယ်တိုင်တောင်မမှတ်မိဘူးလို့ ပြောဆိုထားပါတယ်။
အဖွဲ့လိုက်စကားပြောခန်းမှာ တရားမဝင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဖြန့်ဝေမှုနဲ့ ရရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ "သူဟာ စင်ကာပူလူကြီးကြိုက်ဖျော်ဖြေရေးလုပ်ငန်းရဲ့ ဝန်ထမ်းတစ်ဦးထံကနေ WeChat ကနေတဆင့် အဲ့ဒီဓာတ်ပုံတွေကိုရရှိခဲ့တာသာဖြစ်ကြောင်း" Seungri ဘက်က ပြန်လည်တုံ့ပြန်ထားပါတယ်။


ပထမဆုံးကြားနာမှုမှာတော့ Seungri ဟာ သူကိုယ်တိုင်ရိုက်ကူးထားတာ မဟုတ်တဲ့၊ သူဆီကို လုပ်ငန်းပရိုမိုးရှင်းလုပ်ဖို့ ပို့လာခဲ့တဲ့ ဓာတ်ပုံတွေကိုသာ မျှဝေခဲ့တာဖြစ်တယ်လို့ Seungri ရဲ့ ကိုယ်စားလှယ်က ပြောဆိုထားပါတယ်။ ဒါပေမယ့် Seungri ကတော့ အဖွဲ့လိုက်စကားပြောခန်းတစ်ခုထဲမှာ ဓာတ်ပုံတွေကို မျှဝေခဲ့တယ်လို့ ဝန်ခံထားပါတယ်။


Seungri ဟာ သူလောင်းကစားပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ ဝန်ခံထားပေမယ့် အမြဲတစေလောင်းကစားမှုပြုနေတာမဟုတ်ဘဲ နိုင်ငံခြားငွေကြေးလဲလှယ်မှုအက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်းသာ ဝန်ခံထားပါတယ်။ Seungri ရဲ့ တရားရေးဆိုင်ရာ ကိုယ်စားလှယ်ကတော့ ပထမဆုံးကြားနာမှုအတွင်းမှာ Seungri ဟာသူလုပ်ခဲ့မိတဲ့အတွက်တွေအတွက် နောင်တရနေခဲံတယ်လို့ ဆိုထားပါတယ်။

Seungri ရဲ့ အစာအသောက်သန့်ရှင်းမှုအက်ဥပဒေချိုးဖောက်မှုနဲ့ ပတ်သက်လို့ကတော့ Seungri ဟာ အဲ့ဒီချိုးဖောက်မှုမှန်ကန်ကြောင်း မန်နေဂျာ တစ်ဦးထံကနေ သတင်းပို့ချက်ရထားခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ငွေကြေးမလျော်မကန်သုံးစွဲမှုလည်း စွဲချက်တင်ခံထားရပါတယ်။ Yuri Holdings ကုမ္ပဏီရဲ့ အကျိုးအမြတ်နဲ့ သူ့အတွက် လစာငွေတွေဟာလည်း အထူးစီးပွားရောရာဇဝတ်မှုဆိုင်ရာ အက်ဥပဒေအရ တရားဝင်အတိုင်းသာ ဖြစ်တယ်လို့ သူ့ဘက်ကနေ ပြောဆိုထားပါတယ်။


ဒီနေ့တစ်ရက်တည်းမှာပဲ တရားရုံးဟာ မျက်မြင်သက်သေ ၂၂ ဦးကို မေးခွန်းမေးမြန်းမယ့် ရက်ကို ကြေညာခဲ့ပါတယ်။ Seungri ရဲ့ တရားခွင်ကိုတော့ အပိုင်း ၃ ပိုင်းခွဲမှာဖြစ်ပါတယ်။ ပထမဆုံးအပိုင်းကတော့ ပြည့်တန်ဆာဝန်ဆောင်မှု ဝယ်ယူခြင်းနဲ့ ပြည့်တန်ဆာကြားဝင်ညှိနှိုင်းခြင်းအတွက် စွဲချက်တွေနဲ့ သက်ဆိုင်တဲ့အပိုင်းဖြစ်ပါတယ်။ ရုံးတော်ဟာ Jung Joon Young နဲ့ Yoo In Suk တို့အပါအဝင် ပြည့်တန်ဆာစွဲချက်တွေနဲ့ သက်ဆိုင်တဲ့ မျက်မြင်သက်သေ ၉ ယောက်ကို ဆင့်ခေါ်ခဲ့ပါတယ်။


စွဲချက်နဲ့ မျက်မြင်သက်သေ အရေအတွက် များပြားတာကြောင့် မျက်မြင်သက်သေတွေကို စစ်ဆေးမေးမြန်းတဲ့လုပ်ငန်းစဉ်ဟာ ဒီဇင်ဘာလ ၁၇ ရက်အထိ ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

ဆက်စပ်နေသော ရေးသားချက်များ

  • အိုဆယ်ဟွန်းရဲ့ ရုပ်ရှင်ရိုက်ကွင်းကို Food Truck ပို့လိုက်တဲ့ BIGBANG အဖွဲ့ဝင် Seungri

    EXO အဖွဲ့ဝင် ဆယ်ဟွန်းဟာ BIGBANG အဖွဲ့ဝင် Seungriထံကနေအထူးလက်ဆောင်တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာEXOရဲ့ အငယ်ဆုံးအဖွဲ့ဝင် ဆယ်ဟွန်းဟာ“Dokgo Rewind” ဆိုတဲ့ Web ရုပ်ရှင်ရိုက်ကွင်းကိုပို့လိုက်တဲ့ Food Truck အရှေ့မှာမတ်တပ်ရပ်နေတဲ့ပုံကိုတင်ခဲ့ပါတယ်။ EXO အဖွဲ့ဝင် ဆယ်ဟွန်းဟာ BIGBANG အဖွဲ့ဝင် Seungriထံကနေအထူးလက်ဆောင်တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာEXOရဲ့ အငယ်ဆုံးအဖွဲ့ဝင် ဆယ်ဟွန်းဟာ“Dokgo Rewind” ဆိုတဲ့ Web ရုပ်ရှင်ရိုက်ကွင်းကိုပို့လိုက်တဲ့ Food Truck အရှေ့မှာမတ်တပ်ရပ်နေတဲ့ပုံကိုတင်ခဲ့ပါတယ်။ 

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!