Logo
Print this page

Hangeul Day(အက္ခရာနေ့)မှာ ကိုရီးယားလမ်းညွှန်စာအုပ် ၁၀၀၀၀လှူဒါန်းခဲ့တဲ့ မင်းသမီး Song Hye Kyo

မင်းသမီး Song Hye Kyo ဟာ အောက်တိုဘာလ ၉ ရက်နေ့မှာကျရောက်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ Hangeul Day (အက္ခရာနေ့)ကို ဂုဏ်ပြုခဲ့ပါတယ်။ မင်းသမီးနဲ့ ပါမောက္ခ Seo Kyung Dukတို့ဟာ ပဲရစ်မြို့မှာရှိတဲ့ ကိုရီးယားယဉ်ကျေးမှုစင်တာကို ကိုရီးယား- ပြင်သစ် လမ်းညွှန်စာအုပ် မိတ္တူ ၁၀၀၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီစင်တာမှာဆိုရင် ကိုရီးယားရဲ့လွတ်လပ်ရေးတိုက်လေယာဉ် သမိုင်းဝင်နေရာတွေရှိပြီး လှူဒါန်းခဲ့တဲ့ လမ်းညွှန်စာအုပ်တွေမှာ လွတ်လပ်ရေးတိုက်လေယာဉ်မောင်းသူတစ်ဉီးဖြစ်တဲ့ Seo Young Hae(1902-1956) နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေပါဝင်တာလည်း ဖြစ်ပါတယ်။

Song 2

၁၄၄၆ ခုနှစ်မှာ ကိုရီးယားအက္ခရာတွေကို ကြေညာခဲ့တဲ့ Hangeul day(အက္ခရာနေ့)ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲ့ဒီစာအုပ်တွေကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီလှူဒါန်းမှုဟာ မင်းသမီး Song Hye Kyo နဲ့ ပါမောက္ခ Seoတို့ သုံးကြိမ်မြောက်ပူးပေါင်းလှူဒါန်းတာဖြစ်ပြီး လော့စ်အင်ဂျလိစ် မြို့မှာရှိတဲ့ Historic Korean National Association နဲ့ တရုတ်နိုင်ငံ Chongqing မြို့မှာရှိတဲ့ Provisional Government of the Republic of Korea တို့မှာလည်း ပူးပေါင်းလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုလှူဒါန်းမှုတွေဟာ Song Hye Kyo အတွက်ပထမဆုံးအကြိမ်မဟုတ်ဘဲ သူဟာ ဆေးရုံတွေ၊ အဖွဲ့အစည်းတွေနဲ့ ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း လှူဒါန်းမှုတွေပြုလုပ်နေသူ ဖြစ်ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!