Banner Top

Member Area

အွန်လိုင်း Pop-Up စတိုးအသစ်ဖွင့်မယ့် BTS

BTS အဖွဲ့ဟာ မကြာမီအွန်လိုင်း Pop-Up စတိုးဆိုင်တစ်ခုကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ Big Hit အင်တာတိန်းမန့်ရဲ့ အသိဉာဏမူပိုင်ခွင့် တာဝန်ယူထားတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ Big Hit IP က အဖွဲ့ရဲ့ စတုတ္ထမြော်က အယ်လ်ဘမ် “MAP OF THE SOUL: 7” ရဲ့ နာမည်အောက်မှာ “BTS POP-UP: MAP OF THE SOUL” လို့ခေါ်တဲ့ pop-up စတိုးဆိုင်တစ်ခုကို ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

 

“BTS POP-UP: MAP OF THE SOUL” မှာတော့ အဝတ်အထည်နဲ့ အိမ်သုံးပစ္စည်းတွေအပါအဝင် ထုတ်ကုန်အစ္စည်းအမျိုးအစား ၃၀၀ လောက်ကို ခင်းကျင်းပြသထားမှာဖြစ်ပါတယ်။ အရင် pop-up စတိုးတွေနဲ့မတူတာကတော့ အခုဆိုင်ကတော့ အွန်လိုင်းပေါ်မှာပဲ လုပ်ငန်းတွေ လုပ်ကိုင်မှာဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့အပါအဝင် နိုင်ငံတော်တော်များများက ပရိသတ်တွေက အဲ့ဒီစတိုးဆိုင်နဲ့ ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ဟာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ အဲ့ဒီအွန်လိုင်းစတို့ကို ခိတ်ဆက်နိုင်မှာဖြစ်ပြီး ဥရောပနဲ့ တခြားအာရှနိုင်ငံတွေကတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

BTS Popupstore

ပြခန်းကိုလည်း ဆိုးလ်၊ တိုကျိုနဲ့ စင်ကာပူမြို့တို့မှာ ဖွင့်လှစ်ထားမှာဖြစ်ပြီး “MAP OF THE SOUL: 7” ရဲ့အဓိကအရောင် အပြာရောင်နဲ့ အလှဆင်ထားမှာဖြစ်ပါတယ်။ အဲ့ဒီပြခန်းတွေမှာဆိုရင် BTS ရဲ့ ကာတွန်းဇာတ်ကောင်တွေကို ပုံစံယူထားတဲ့ TinyTAN တွေထားမယ့်နေရာတစ်ခု၊ အယ်လ်ဘမ်ထဲက ဂီတဗီဒီယို ရိုက်ကွင်းတွေကို ပြန်လည်ဖန်တီးထားတဲ့နေရာတွေအပြင် ကုန်ပစ္စည်းတွေရောင်းချမယ့် အဓိကအရောင်းပြခန်းတစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။

အဲ့ဒီပြခန်းတွေကို အွန်လိုင်းစတိုးဆိုင်နဲ့အချိန်တပြိုင်နက်တည်းမှာ ဖွင့်လှစ်ထားမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ လက်မှတ်တွေကို ကြိုတင်ရယူထားနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်တွေအားလုံးကို COVID-19 လုပ်ငန်းစဉ်တွေနဲ့ လိုက်လျောညီထွေစွာ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

ဆက်စပ်နေသော ရေးသားချက်များ

Banner Top