Banner Top

Member Area

မင်းသား အင်စီဝမ် COVID-19 ထပ်မံစစ်ဆေးခံခဲ့ရ

မင်းသား အင်စီဝမ်ဟာ COVID-19 စစ်ဆေးမှုနောက်တစ်ခုကို ခံယူခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၃ ရက်မှာ မင်းသားရဲ့ အေဂျင်စီ Plum အင်တာတိန်းမန့်က "အင်စီဝမ်ရဲ့ တိုက်ခန်းအဆောက်အဦမှာနေ ထိုင်တဲ့ အိမ်ငှားတစ်ဦးထံမှာ COVID-19 ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး သူဟာလည်း ကောင်းကောင်းမွန်မွန် စစ်ဆေးခံခဲ့ကြောင်း၊ သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အနီးကပ်ထိတွေ့ခဲ့တာမျိုးမရှိခဲ့ပေမယ့် ဘေးကင်းလုံခြုံရေး ဆောင်ရွက်ချက်တစ်ခုအနေနဲ့ မင်းသားဟာ အစစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။" လို့ ဆိုပါတယ်။

InCiOne

မကြာသေးခင်တုန်းကလည်း မင်းသားလက်ရှိပါဝင်နေတဲ့ “Run On” ဒရာမာ ဝန်ထမ်းတစ်ဦးဟာ ဗိုင်းရပ်စ်စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒါကြောင့် ဒရာမာရိုက်ကူးရေးကို ချက်ချင်းဆိုသလို ရပ်ဆိုင်းခဲ့ရပြီး သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေဟာ ဆေးစစ်ခံခဲ့ရပါတယ်။ ရလဒ်မှာတော့ ပိုးမတွေ့အဖြေ ထွက်ခဲ့ပေမယ့် မင်းသားဟာ ဒုတိယမြောက် COVID-19 စစ်ဆေးမှုကို ခံခဲ့ရတာကြောင့် ရိုက်ကူးရေးအချိန်ဇယား ပြောင်းလဲနိုင်ချေရှိနေပါတယ်။

လက်ရှိမှာတော့ မင်းသား အင်စီဝမ်ဟာ ဆေးစစ်ချက်ရလဒ်ကို အိမ်မှာပဲ အနားယူစောင့်ဆိုင်းနေပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top