Logo
Print this page

ဂန်နမ် မှာရှိတဲ့ ငါးထပ်အဆောက်အဦကိုဝယ်လိုက်တဲ့ Girls' Generation အဖွဲ့ဝင် ယူရီ

Girls' Generation အဖွဲ့ဝင် ယူရီဟာ ဂန်နမ်မှာရှိတဲ့ ငါးထပ်အဆောက်အဦး တစ်ခုကိုဝယ်ယူလိုက်တယ်လို့ သိရပါတယ်။အောက်တိုဘာလ ၆ရက်နေ့မှာ ယူရီ ဟာ ဒုတိယမြောက် အဆောက်အဦးကို ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ 

သူ့အမည်အောက်မှာရှိတဲ့အဲ့ဒီအဆောက်အဦ အသစ်ဟာကာလပေါက်ဈေး ကိုရီးယားဝမ် ၁၂၈၀၀ သန်း ရှိတဲ့ငါးထပ်အဆောက်အဦးဖြစ်ပါတယ်။ အဲ့ဒီအဆောက်အဦးကို ၂၀၀၃ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့ ၂၀၀၇ခုနှစ်မှာ ပြန်လည်မွမ်းမံခဲ့ပါတယ်။

အဲ့ဒီအဆောက်အဦးမှာမြေအောက်ထပ်တစ်ခု လည်းပါဝင်ပါတယ်။

Girls' Generation အဖွဲ့ဝင် ယူရီဟာ ဝမ်၁၀၅သန်းကိုချေးငှားခဲ့ပြီးတော့သူ့ရဲ့ ကိုယ်ပိုင်ငွေနဲ့ အမေရိကန်ဒေါ်လာ ၂သန်းကိုရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပါတယ်။

ယူရီဟာ ၂၀၁၂ ခုနှစ်မှာ ဆိုလ်းမြို့၊ချောင်ဒန်းဒုံ ရပ်ကွက်မှာရှိတဲ့ ဇိမ်ခံဗီလာတစ်ခုကို ဝမ် ၁၆ သန်းနဲ့ ဝယ်ယူခဲ့ဖူးပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes
Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!