Logo
Print this page

ကိုရီးယား မိတ်ကပ် YouTuber တွေရဲ့ ဘဝအကြောင်း ရိုက်ကူးမယ့် 'Neighborhood Witch J' စီးရီး

အဆိုတော်၊သရုပ်ဆောင် Jiyeon ၊ မင်းသား Lee Tae Sun မင်းသား Jang Eui Sooနဲ့ မင်းသမီး Go Sung Min တို့ဟာ့မိတ်ကပ် YouTuber တို့ရဲ့ဘဝတွေအကြောင်းပြသထားတဲ့ ဝက်ဘ်ဒရာမာဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

“ Neighborhood Witch J” အမည်ရှိတဲ့ ဇာတ်လမ်းမှာ မင်းသမီး Seo Jae Yi (Jiyeon)က အလှအပရေးရာ youtuber အဖြစ်သရုပ်ဆောင်ထားပါတယ်။ Seo Jae Yi ကသူ့ရဲ့အလွန်ကောင်းမွန်တဲ့ မိတ်ကပ်အရည်အသွေးနဲ့ရိုးရှင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့်မို့ YouTuber ရဲ့ကြယ်ပွင့်ဖြစ်ပါတယ်။ သူကအလှကုန်ကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက် စမတ်ကျသော်လည်းအနည်းငယ်အဆင်မပြေတဲ့ အလှကုန်ပစ္စည်းကုမ္ပဏီရဲ့စီအီးအို Lee Woo Bin (Lee Tae Sun) ကိုချဉ်းကပ်ခဲ့ပါတယ်။

jiyeon

မင်းသား Jang Eui Soo ကသရုပ်ဆောင်နဲ့မိတ်ကပ်အလှအပဖန်တီးသူ (Lee Tae Kyung )အထူးစီမံခန့်ခွဲမှုအေဂျင်စီကိုယ်စားလှယ်အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။ မင်းသမီး Go Sung Min ကနာမည်ကြီးပြိုင်ဘက် YouTuber ဖြစ်တဲ့ Oh Oh Young ရဲ့အခန်းကဏ္ဍမှာ ပါဝင်မှာလည်းဖြစ်ပါတယ်။
'Neighborhood Witch J' ရဲ့ဇာတ်ကောင်ပုံစံတွေကို သင်တို့ရော စိတ်ဝင်စားပါသလား? ဒီစီးရီကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ပြသဖို့ မျှော်လင့်ရပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes
Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!