Banner Top

Member Area

BLACKPINK အဖွဲ့ရဲ့ “Lovesick Girls” ဂီတဗီဒီယိုထဲမှာ သူနာပြုဝတ်စုံ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်တောက်ရန် YG ဆုံးဖြတ်

YG အင်တာတိန်းမန့်ဟာ သူနာပြုဝတ်စုံပါဝင်တဲ့ BLACKPINK အဖွဲ့ရဲ့ “Lovesick Girls” ဂီတဗီဒီယိုထဲက ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အေဂျင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ တော့ အဲ့ဒီဂီတဗီဒီယိုထဲက သူနာပြု ဝတ်စုံပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး မကြာခင်အမြန်ဆုံး ဗီဒီယိုကို အစားထိုးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီဗီဒီယိုအတွက် အချိန်တော်တော်ကြာ အလုပ်လုပ်ခဲ့ပေမယ့် အခုလိုမျိုး ဇာတ်ဝင်ခန်းကြောင့် ဖြစ်ပေါ်လာမယ့် ပြဿနာကို မျှော်လင့်ခဲ့ခြင်းမရှိခဲ့ဘဲ အဲ့ဒီဇာတ်ဝင်ခန်းတွေက သီးခြားရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။

စိတ်မသက်မသာဖြစ်ခဲ့ရတဲ့ သူနာပြုတွေကို တောင်းပန်ခဲ့ပြီး ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးအတွက် အလုပ်ကြိုးစားနေကြတဲ့ ကျန်းမာရေး လုပ်သားတွေကို လေးစားကြောင်း ထပ်မံပြောကြားလိုပါတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့တုန်းက ကိုရီးယားကျန်းမာရေးနဲ့ ဆေးဝန်ထမ်းသမဂ္ဂကနေ အခုလိုမျိုး ဗီဒီယိုထဲမှာ ပါဝင်တဲ့ သူနာပြုဟာ သူနာပြုတွေနဲ့ ပတ်သက်လို့ ပုံဖျက်ထားတဲ့ပုံစံဖြစ်ကြောင်း သူတို့ရဲ့ အမြင်ကို ပြောဆိုခဲ့ပြီး သင့်လျော်တဲ့အရေးယူဆောင်ရွက်မှုလုပ်ဆောင်ပေးဖို့ YG အင်တာတိန်းမန့်ကို တောင်းဆိုခဲ့ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top