Banner Top

Member Area

Krystal ကို ကိုယ်ဝန်ဆောင်သည်တစ်ဦးအနေနဲ့ မြင်တွေ့ရမယ့် “ More than Family” ရုပ်ရှင်

Krystal ပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစုဟာသရုပ်ရှင်အသစ်က ယခုနိုဝင်ဘာလမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

“More than Family” ရုပ်ရှင်အသစ်မှာ Krystal ဟာ ရိုးရိုးရှင်းရှင်းနေထိုင်ပြီး စရိုက်ကြမ်းတဲ့ ၂၁ နှစ်အရွယ် တိုအီ အဖြစ် သရုပ်ဆောင်ထားပါတယ်။ တိုအီက ၇ နှစ်အရွယ်မှာ မိခင်ကနောက်အိမ်ထောင်ပြုခဲ့ပြီး သူတို့ မိသားစုဟာ ဒယ်ဂူကနေဆိုးလ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
တိုအီကတက္ကသိုလ် တက်ပြီးနောက် အသက် (၁၉) နှစ်အရွယ်အထက်တန်းကျောင်းသား ဟိုဟွန်း (မင်းသားShin Jae Hwi)ကိုကျူရှင် စတင်သင်ကြားပေးခဲ့ပါတယ်။ မကြာခင်ပဲသူတို့နှစ်ဦးစတင်ချိန်းတွေ့ကြပြီး တိုအီက ကိုယ်ဝန်ဆောင်သည်အထိဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့ပါတယ်။

တိုအီက ကိုယ်ဝန်ဆောင်ပြီး ၅ လအကြာမှာ ဟိုဟွန်းရဲ့မိဘရှေ့ပေါ်လာပြီးသူတို့လက်ထပ်ဖို့ရည်ရွယ်ထားကြောင်းပြောခဲ့ပါတယ်။ ဟိုဟွန်းရဲ့မိဘတွေက ငယ်ရွယ်တဲ့စုံတွဲရဲ့လက်ထပ်ထိမ်းမြားမှုကို လက်ခံပေးခြင်းမှလွဲပြီးအခြားရွေးချယ်စရာမရှိတော့ပဲ တိုအီကသူလက်ထပ်တဲ့
နေ့မတိုင်ခင်မှာပဲ ဖခင်ဖြစ်သူကိုရှာဖွေရေးအတွက် ဒယ်ဂူမြို့ဆီ သွားဖို့ ခရီးဆောင်အိတ်ကို ထုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
'More than family'ရုပ်ရှင်ကို သင်ကောဘယ်လိုထင်ပါသလဲ? Krystal ပါဝင်သရုပ်ဆောင်ထားတဲ့ ပထမဆုံးရုပ်ရှင်ကားပိုစတာကိုအောက်မှာ ဖာ်ပြထားပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top