Banner Top

Member Area

ကျောင်းတက်တုန်းက ဆရာမရဲ့တိုက်တွန်းမှုကြောင့် အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တဲ့ IU

အဆိုတော်၊တေးရေးဆရာ၊မင်းသမီး ဖြစ်တဲ့ ကိုးရီးယားအနုပညာရှင် IU က Korean Forces Network Radio အစီအစဉ်မှာ အထူး ဧည့်သည်အဖြစ်ရောက်လာတဲ့အခါမှာတော့ ဒီကိစ္စကိုပြောဆိုခဲ့ပါတယ်။ သူက "ကျွန်မကာင်းကောင်းလေ့လာခဲ့တယ်။ အမေကလည်း ကျွန်မကိုသံတမန်လုပ်ဖို့အကြံပေးတယ်" လို့ပြောပါတယ်။

IU ကဆက်လက်ပြီးတော့ “ကျွန်မကလည်းသံတမန်တစ်ဦး ဖြစ်မယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ကျွန်မရဲ့ဆရာမကကျွန်မကို အဆိုတော်တစ်ယောက်ဖြစ်ဖို့အားပေးခဲ့တယ်။" လို့ ပြောဆိုခဲ့ပါတယ်။ သူ့အမေက သူ့ကို အဆိုတော်တစ်ဦး ဖြစ်ရတဲ့အပေါ် အကောင်းမြင်မမြင်ခဲ့ပေမဲ့ အခုသူဂီတအပေါ်မှာ စိတ်အားထက်သန်မှုကိုမြင်တွေ့ရပြီးတဲ့နောက်မှာတော့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်လို့လည်း သိရပါတယ်။

iu

IU ဟာ ကျောင်းသူဘဝတုန်းက အတန်းထဲမှာ အမြဲ ပထမနဲ့ဒုတိယနေရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top