Logo
Print this page

မင်းသားရိန်းရဲ့ အေဂျင်စီက အစွန်းရောက်ပရိသတ်တွေအတွက်သတိပေးချက်ထုတ်ပြန်

မင်းသား ရိန်းရဲ့အိမ်ကို လာရောက်နှောင့်ယှက်နေတဲ့ အစွန်းရောက် ပရိသတ်တွေကို အေဂျင်စီကသတိပေးခဲ့ပါတယ်။"မင်္ဂလာပါ၊ Sublime Artist Agency ကပါ။မကြာသေးမီကကျွန်တော်တို့ရဲ့အနုပညာရှင်ရိန်းရဲ့အိမ်ကို သွားတဲ့သူတွေ များလာပါတယ်။

 အဲဒီလို တံခါးပေါက်ကိုခေါက်ပြီး အော်ဟစ် စတဲ့အပြုအမူတွေ ပါဝင်လာနေပါတယ်။သူ့အိမ်ကို မလာဖို့ပြောချင်ပါတယ်။အဲ့ဒီပရိသတ်တွေက မသင့်တော်တဲ့အပြုအမူတွေကြောင့် အနုပညာရှင်ကိုယ်တိုင်သာမကပဲ သူ့မိသားစုကိုပါကြောက်ရွံ့မှုတွေ ဖြစ်စေပါတယ်။ သူတို့ဟာ သက်သောင့်သက်သာ အရှိဆုံးခံစားရမယ့်နေရာဖြစ်တဲ့သူတို့ရဲ့ကိုယ်ပိုင်အိမ်မှာစိုးရိမ်စရာမရှိအောင် နေနေကြတာဖြစ်ပါတယ်။

rain

တကယ်လို့ အနုပညာရှင်ကို ခြိမ်းခြောက်ပြီးသူ့ရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုချိုးဖောက်တဲ့ အပြုအမူတွေကို ဆက်လက်လုပ်ဆောင်ပါက ကျွန်တော်တို့လည်း အနုပညာရှင်အားစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်အရအကာအကွယ်ပေးဖို့ ဖြစ်နိုင်သမျှဥပဒေရေးရာဆောင်ရွက်မှုတွေကိုပြုလုပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အနုပညာရှင်နဲ့ သူ့မိသားစုထိခိုက်နစ်နာစေတဲ့လုပ်ရပ်တွေနဲ့ ပတ်သတ်ပြီး သက်ညှာမှုပေးမှာ မဟုတ်ပါဘူး။ ဒီသတိပေးခြင်းက ဥပဒေအရအရေးယူခြင်းမပြုခင် ကျွန်တော်တို့ရဲ့ နာက်ဆုံးသတိပေးချက်ဖြစ်ပါတယ်" လို့ပြောသွားခဲ့ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes
Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!