Banner Top

Member Area

Love Alarm' ဒရာမာ မင်းသား Jung Garam မကြာမီစစ်မှုထမ်းမယ်လို့ အတည်ပြု

မင်းသား Jung Garam ဟာ မကြာခင် စစ်ထဲဝင်တော့မှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၆ ရက်မှာ ပြုလုပ်တဲ့ အထူးသတင်းအရမင်းသားဟာ လာမယ့် ၁၂ ရက်နေ့မှာ စစ်တပ်ထဲဝင်တော့မှာ ဖြစ်ပါတယ်။ Jung Garam ကို ၁၉၉၃ မှာမွေးဖွားခဲ့တာဖြစ်ပြီး မဖြစ်မနေစစ်မှုထမ်းဖို့ လိုအပ်ပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Management Soop က Jung Garam စစ်တပ်အတွင်းမှာ ပွဲအခမ်းအနားမရှိဘဲတိတ်တဆိတ်ဝင်ရောက်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။

မင်းသား Jung Garam က၂၀၁၁ MBCရုပ်သံလိုင်းဒရာမာ“ High Kick 3” မှာ ဇာတ်ရံအဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းကစလို့ သူဟာ Mistress နဲ့ 'When Camelia Blooms' 'The Poet and the Boy' နဲ့'Believer' စတဲ့ ကျော်ကြားတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

jg

သူက မင်းသမီး Kim Sohyun ၊မင်းသား Song Kang တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ ၂၀၁၉ ခုနှစ် Netflix ရဲ့ 'Love Alarm' ဒရာမာနဲ့ အောင်မြင်မှုကိုရရှိခဲ့ပါတယ်။ အဲ့ဒီစီးရီးရဲ့ဒုတိယ Season ကို ယခုနှစ်နှောင်းပိုင်းမှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
မင်းသား Jung Garam ကို စစ်မှုထမ်းချိန်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top