Banner Top

Member Area

မျက်စိရှေ့မှာတင် ကလေးသာသာအရွယ်ကနေ ချောမောတဲ့ အမျိုးသားတွေ ဖြစ်လာကြတဲ့ Idol (၁၆) ယောက်

နှစ်တွေကုန်ဆုံးခဲ့တာနဲ့အမျှ ကျနော်တို့ဟာ ချစ်စဖွယ်ငယ်ရွယ်တဲ့ Kpop ကောင်လေးတွေကို ချောမောငယ်ရွယ်တဲ့အမျိုးသားတွေ အဖြစ် မြင်တွေ့ခဲ့ကြပြီဖြစ်ပါတယ်။

အခုဖော်ပြမယ့်သူတွေကတော့ သူတို့ရဲ့ ဆယ်ကျော်သက်အလယ်ပိုင်းလောက်မှာ ဂီတလုပ်ငန်းတွေကို စတင်ခဲ့ပြီး အခု ယောကျာ်းပီသတဲ့အမျိုးသားတွေအဖြစ် ပြောင်းလဲလာသူတွေဖြစ်ပါတယ်။

1. Jungkook (BTS)
“Golden Maknae” လို့သိကြတဲ့ Jungkook သာ အသက် ၁၅ နှစ်အရွယ်မှာ ကတည်းက ပွဲဦးထွက်ခဲ့သူဖြစ်ပါတယ်။

jungkook

jungkook

သူဟာ အခု အသက် ၂၃ နှစ်သာ ရှိနေသေးပေမယ့် သူပထမဆုံးပွဲဦးထွက်ခဲ့ချိန်ကလို့ တော်တော်လေးကို ရင့်ကျက်လာတာမြင်တွေ့ရမှာဖြစ်ပါတယ်။

2. Jimin (BTS)
Jimin ကတော့ သူပွဲဦးထွက်ခဲ့ချိန်တုန်းက အသက် ၁၇ နှစ်သာ ရှိခဲ့ပေမယ့် အခုလည်း အဲ့ဒီလိုငယ်ရွယ်တဲ့ပုံစံပေါက်နေဆဲပဲဖြစ်ပါတယ်။

jimin

jimin

ကလေးလိုချစ်ဖို့ကောင်းတဲ့ မျက်နှာကို အခုအချိန်အထိ သူပိုင်ဆိုင်ထားဆဲ ဖြစ်ပေမယ့် အခုတော့ တကယ့်လူကြီးတစ်ယောက်လို ကြီးပြင်းလာခဲ့ပြီး ဖြစ်ပါတယ်။

3. V (BTS)
V ကတော့ သူပွဲဦးထွက်ခဲ့တဲ့အချိန်တုန်းက အသက် ၁၇ နှစ်ပါ။ အဲ့ဒီအချိန်တုန်းကဆိုရင် တကယ့်ကိုပဲ ချစ်ဖို့ကောင်းတဲ့ပုံစံလေးနဲ့ ဖြစ်ပါတယ်။

v

v

အခုတော့ အဲ့ဒီချစ်ဖို့ကောင်းတဲ့ မျက်နှာလေးက လှပချောမောတဲ့ မျက်နှာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်အတွက် အချောမောဆုံး မျက်နှာပိုင်ရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

4. Cha Eunwoo (ASTRO)
Cha Eunwoo ဟာ သူစပြီး ပွဲဦးထွက်ခဲ့တဲ့အချိန်မှာ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ ငယ်ရွယ်မှုတွေကို သူ့မျက်နှာပေါ်မှာ မြင်တွေ့ခဲ့ကြရတာပါ။

c

c

ငါးနှစ်လောက်ကြာပြီးတဲ့နောက် သူ့ကို ယောကျာ်းပီသတဲ့အသွင်အပြင် ရရှိစေမယ့် ခိုင်မာတောင့်တင်းတဲ့ မေးရိုးနဲ့ ပါးရိုးတွေအထိ ဖွံ့ဖြိုးလာခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး ပြောင်းလဲသါားခဲ့ပေမယ့် သူဟာ Visual ဘုရင်တစ်ပါးအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။

5. BamBam (GOT7)
BamBam ဟာ GOT7 အဖွဲ့နဲ့အတူ စပြီး ပွဲဦးထွက်ခဲ့ချိန်တုန်းက အသက် ၁၆ နှစ်ပဲရှိပါသေးတယ်။

bam

bam

၂၀၁၅ ခုနှစ်မှာ သူဟာ ထိုင်းနိုင်ငံကို စစ်မှုထမ်းဖို့ ပြန်လာခဲ့တဲ့အချိန်မှာတော့ တကယ့်ကိုပဲ လူကြီးတပိုင်းဖြစ်နေခဲ့ပါပြီ။ အခုတော့ သူဟာ မျက်စိရှေ့မှာတင် လူကြီးတစ်ယောက် ဖြစ်နေပါပြီ။

6. Taemin (SHINee)
Taemin ဟာ SHINee အဖွဲ့ရဲ့ ပွဲဦးထွက် သီချင်းဖြစ်တဲ့ “Replay” မှာ ပါဝင်ခဲ့ချိန်တုန်းက အသက် ၁၄ နှစ်သာရှိပါသေးတယ်။ သူဟာ အသက် ငယ်ရွယ်ခဲ့ပေမယ့် လုံးဝငြင်းလို့မရတဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

taemin

taemin

Taemin ဟာ အခု အသက် ၂၇ နှစ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့ ဆက်ဆီကျတဲ့ ပုံစံကို ပိုမိုပြသမယ့် တကိုယ်တော်သီချင်းတွေနဲ့လည်း အောင်မြင်နေပြီ ဖြစ်ပါတယ်။

7. Minho (SHINee)
Minho ဟာ SHINee အဖွဲ့ဝင်တစ်ဦးအနေနဲ့ အသက် ၁၆ နှစ်အရွယ်မှာ ပွဲဦးထွက်ခဲ့သူဖြစ်ပါတယ်။

minho

miho

အဲ့ဒီနောက်တော့ သူဟာ ချစ်ဖို့ကောင်းတဲ့ ကောင်လေးတစ်ဦးအဖြစ်ကနေ ချောမောတဲ့ အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။

8. Xiumin (EXO)
Xiumin ဟာ အသက် ၂၂ နှစ်အရွယ်မှာပဲ EXO အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွုဦးထွက်ခဲ့ပြီး တခြားငယ်ရွယ်တဲ့ Idol တွေထက် အသက်လေးနည်းနည်း ပိုကြီးနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကလေးမျက်နှာပေါက်လေးက တကယ့်ကိုပဲ ငယ်ရွယ်တဲ့ပုံစံပေါက်စေခဲ့ပါတယ်။

xiumin

xiumin

အဲ့ဒီအချိန်ကစလို့ သူဟာ ကလေးမျက်နှာလေးနဲ့ ရှိခဲ့တာကို ဓာတ်ပုံတွေထဲမှာ မြင်တွေ့ခဲ့ရပြီး အခုတော့ တကယ့်ကိုပဲ အရွယ်ရောက်လာတဲ့ အမျိုးသား တစ်ဦးအနေနဲ့ သူကိုတွေ့နေကြရပြီဖြစ်ပါတယ်။ တကယ့်ကိုပဲ စစ်မှန်တဲ့ အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲလာပြီဖြစ်ကြောင်း သင်္ကေတအဖြစ် သူဟာ လက်ရှိမှာ စစ်မှုတာဝန်တွေကို ထမ်းဆောင်နေရတာဖြစ်ပြီး အနုပညာလောကကနေ ခေတ္တပျောက်ကွယ်နေခဲ့တာပဲဖြစ်ပါတယ်။

9. Siwon (Super Junior)
Siwon ဟာ Super Junior အဖွဲ့နဲ့ စပြီး ပွဲဦးထွက်ခဲ့ချိန်မှာ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။

siwon

siwon

သူဟာ အခုတော့ မုတ်ဆိတ်မွှေးထားတဲ့ပုံစံနဲ့ တကယ့်ကိုပဲ ယောကျာ်းဆန်တဲ့ အသွင်အပြင်ကို ပြသခဲ့ပြီး ဖြစ်ပါတယ်။

10. G-Dragon (BIGBANG)
G-Dragon ဟာ BIGBANG အဖွဲ့ဝင်တစ်ဦးအနေနဲ့ တရားဝင် ပွဲဦးထွက်ခဲ့ချိန်မှာ အသက် ၁၆ နှစ်ရှိနေပြီဖြစ်ပါတယ်။

gd

gd

သူဟာ စစ်မှုထမ်းပြီးခဲ့တဲ့နောက် တကယ့်ကိုပဲ ယောကျာ်းကောင်းတစ်ယောက် အနေနဲ့ အသွင်ပြောင်းခဲ့ပြီး အခုတော့ သူအနုပညာလုပ်ငန်းထဲ ပြန်လာမယ့်ရက်ကို ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

11. T.O.P (BIGBANG)
T.O.P ဟာ သူပွဲဦးထွက်ခဲ့ချိန်တုန်းက အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။

top

top

သူဟာ လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်းမှာ တကယ့်ကိုပဲ ရင့်ကျက်လာတဲ့ပုံစံနဲ့ မြင်တွေ့ခဲ့ကြရပါတယ်။

12. Dongho (U-Kiss အဖွဲ့ဝင်ဟောင်း)
Dongho ဟာ သူအသက် ၁၄ နှစ်မှာ ပွဲဦးထွက်ခဲ့တာပါ။ Dongho ဟာ ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ U-Kiss အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

dongho

dongho

အဖွဲ့ကနေ နုတ်ထွက်ခဲ့ချိန်ကစလို့ သူဟာ အခုဆိုရင် ဇနီး၊ ကလေးနဲ့ သာယာတဲ့ မိသားစုတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ နှစ်၊ စက်တင်ဘာလမှာတော့ သူနဲ့ သူ့ဇနီးတို့ဟာ ကွာရှင်းဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

13.Jay Park
Jay Park ဟာ 2PM အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့ချိန်မှာ အသက် ၂၁ နှစ်ရှိပြီဖြစ်ပါတယ်။

jp

jp

သူ့ရဲ့ ပွဲဦးထွက်ခဲ့တုန်းက အချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူဟာ ကျောက်ဆစ်ခန္ဓာကိုယ်နဲ့အတူ ရင့်ကျက်တဲ့ အမျိုးသားတစ်ဦးအနေနဲ့ သူ့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

14. Yunho (TVXQ)
Yunho ဟာ TVXQ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့ချိန်မှာ အသက် ၁၇ နှစ်သာ ရှိပါသေးတယ်။

yh

yh

သူဟာ စစ်မှုထမ်းတာဝန်ကနေ ပြန်လာခဲ့ပြီးချိန်ကစလို့ တကယ့်ကိုပဲ ယောကျာ်းပီသတဲ့အသွင်အပြင်ကို မြင်တွေ့ခဲ့ကြရပါတယ်။

15. Junsu (JYJ)
Junsu ဟာ အသက် ၁၇ နှစ်အရွယ်မှာ Yunho နဲ့အတူ TVXQ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။

js

js

၁၆ နှစ်ကြာခဲ့ပြီးတဲ့နောက် သူဟာ အခုဆိုရင် အဆိုတော်၊ သီချင်းရေးသူ၊ အကသမား၊ သရုပ်ဆောင်နဲ့ JYJ အဖွဲ့ဝင်တစ်ဦးဖြစ်နေပြီဖြစ်ပါတယ်။

16. Rain
Rain ဟာ Fanclub လို့ခေါ်တဲ့ ယောကျာ်းလေးတီးဝိုင်းအဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့ချိန်မှာ အသက် ၁၆ နှစ်သာရှိပါသေးတယ်။ ဒါပေမယ့် သူ အသက် ၂၀ အရွယ်ဖြစ်တဲ့ ၂၀၀၂ ခုနှစ်မှာ တကိုယ်တော်ပွဲဦးထွက်ခဲ့တဲ့အချိန်ကစလို့ အောင်မြင်လာခဲ့ပါတယ်။

js

js

၁၈ နှစ်ကြာခဲ့ပြီးတဲ့နောက် သူဟာ အခုဆိုရင်ဇနီးဖြစ်သူ မင်းသမီး ကင်ထယ်ဟီးနဲ့လည်း လက်ထပ်ခဲ့ပြီး လှပတဲ့ သမီးနှစ်ယောက်ရဲ့ ဖခင်တစ်ဦးအနေနဲ့ရော အမျိုးသားတစ်ဦးအဖြစ်ပါ မြင်တွေ့နေရပြီဖြစ်ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top