Banner Top

Member Area

BLACKPINK ရဲ့ ' Lovesick Girls ' သီချင်းထဲမှ သူနာပြုဝတ်စုံအတွက် YG ဝေဖန်ခံရ

ကိုရီးယားကျန်းမာရေးနဲ့ဆေးဝန်ထမ်းများသမဂ္ဂက BLACKPINK ရဲ့မကြာသေးမီက ထွက်ရှိတဲ့ ' Lovesick Girls' MV မှာ ပါဝင်ခဲ့တဲ့ သူနာပြုဝတ်စုံအတွက် YG Entertainment ကိုဝေဖန်လိုက်ပါတယ်။

အဲ့ဒီ ဗီဒီယိုထဲမှာ Jennie ဝတ်ဆင်ခဲ့တဲ့ သူနာပြုဝတ်စုံနဲ့ပတ်သက်လို့ သမဂ္ဂက ဦးထုပ်၊ အသားကပ်ခြေအိတ်၊ စကပ်တိုနဲ့ဒေါက်မြင့်တွေက မူရင်းရှိနေကြ ပုံမှန်သူနာပြုဝတ်စုံ နဲ့အလှမ်းကွာဝေးပြီး လိင်ပိုင်းဆိုင်ရာနှိုးဆွမှုအတွက် အသုံးပြုတဲ့ပုံစံမျိုးအဖြစ် အသုံးပြုထားတယ်လို့ ဆိုပါတယ်။သူနာပြုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများဖြစ်ကြပေမယ့်လည်းအလုပ်အကိုင်နေရာမှာတော့ အမျိုးသားများ ထက်အမျိုးသမီးများသာပိုမိုများပြားသောကြောင့် ဤအချက်ကလိင်ပိုင်းဆိုင်ရာခွဲခြားသတ်မှတ်မှုကိုဖော်ပြပြီးကျွမ်းကျင်မှုကိုသံသယဖြစ်အောင်သရုပ်ဖော်ထားတယ်လို့ဆိုကြပါတယ်။

jinie

အဲ့ဒီပြဿနာကို ပြုပြင်ပြောင်းလဲဖို့အတွက် ကြိုးစားမှု တွေအများကြီးရှိခဲ့ပေမယ့်လည်း YG Entertainment ဟာ BLACKPINK အဖွဲ့ရဲ့ဂီတဗီဒီယိုအသစ်မှာ သူနာပြုတွေကိုလိင်ပိုင်းဆိုင်ရာ အသားပေးဖော်ပြထားတာကို တွေ့ရပါတယ်။ သူနာပြုတွေဟာ မညီမျှတဲ့ဆက်ဆံမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရဲ့သားကောင် ဖြစ်နေဆဲလို့ဆိုပါတယ်။
BLACKPINK အဖွဲ့ရဲ့သီချင်းအသစ်ကကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဂီတ ဇယားတွေမှာ ထိပ်ဆုံးမှာရောက်နေတာကြောင့် BLACKPINK အဖွဲ့ရဲ့နာမည်ကျော်ကြားမှုနဲ့လွှမ်းမိုးနိုင်မှု နဲ့လျော်ညီတဲ့ လုပ်ဆောင်ချက်တွေကို YG အနေနဲ့လုပ်ဆောင်ပေးဖို့တောင်းဆိုလိုက်ပါတယ်လို့ဖော်ပြထားပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top