Banner Top

Member Area

YG ကနေ မထွက်ခင် WINNER အဖွဲ့ဝင်တွေနဲ့ Nam Taehyun တို့ကြား ဆက်ဆံရေး ဘယ်လိုရှိခဲ့သလဲ

Nam Taehyun ဟာ အရင်က WINNER အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပွဲဉီးထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ အဖွဲ့ကနေထွက်ခွာခဲ့ပြီး South Club လို့ခေါ်တဲ့ ကိုယ်ပိုင်တီးဝိုင်းကို တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီ တီးဝိုင်းဟာ Nam Taehyun ကိုယ်တိုင်ရေးသားထားတဲ့ ဟာ “OUTCAST” လို့အမည်ရတဲ့ သီချင်းကို ဖြန့်ချိခဲ့ပါတယ်။ ဒီသီချင်းဟာ WINNER အဖွဲ့ဝင်တွေကို ရည်ရွယ်ပြီးရေးသားထားတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။

ဒါပေမယ့် Nam Taehyunက ဒီသီချင်းဟာ WINNERအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်မှုမရှိကြောင်း ပြောဆိုလိုက်ပါတယ်။ သူက "ကျွန်တော် ဒီသီချင်းကို YG မှာရှိနေစဉ်အခါက ရေးသားထားတာပါ။ ဒါပေမယ့် ဒီသီချင်းကို WINNER အဖွဲ့ဝင်တွေ နားထောင်ဖူးပါတယ်။ ကျွန်တော့် အမေကလည်း ဒီသီချင်းကိုကြိုက်တယ်။ ပြီးတော့ ကျွန်တော့် တီးဝိုင်းနဲ့လည်းကိုက်ညီတယ် ဒါကြောင့် ဒီသီချင်းကို အယ်လ်ဘမ်အသစ်မှာ ထည့်ဖို့စဉ်းစားခဲ့တာပါ"လို့ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီးသူက "ကျွန်တော်နဲ့ WINNERအဖွဲ့ဝင်တွေကြားထဲမှာ ဆက်ဆံရေးကောင်းမွန်ပါတယ်။ ကျွန်တော်ကတော်တော် ခေါင်းမာတယ် ဒါကြောင့် ကျွန်တော်အဖွဲ့မှာ ရှိစဉ်က ‘Fiery Maknae’ ဆိုတဲ့ နာမည်ပြောင်တောင်ရခဲ့ပါတယ်။ WINNER အဖွဲ့ဟာ စိတ်နှလုံးသား နွေထွေးတဲ့အဖွဲ့ပါ။ အဖွဲ့ဝင်တွေကြားထဲမှာ သီချင်းတွေနဲ့ ပတ်သက်လို့ ငြင်းခုံတာတွေ ရှိပေမယ့် ဆက်ဆံရေးကောင်းမွန်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

wione

ဒါ့အပြင် သူက WINNER ကနေ ဘာကြောင့်ထွက်ခဲ့ရတယ် ဆိုတဲ့ အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ သူက "ကျွန်တော်လွယ်လွယ်ကူကူနဲ့ အထီးကျန်တတ်လာတယ်။ ကျွန်တော့်စိတ်အခြေအနေကလည်း မတည်မငြိမ်ဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ အလုပ်အတူတူတွဲလုပ်တဲ့သူတွေလည်း ခက်ခဲလာတယ်။ အဖွဲ့လိုက်အလုပ်လုပ်တဲ့အခါ ပြဿနာတွေအများကြီးကြုံရတယ်။ ဒါက ကျွန်တော့်ရဲ့ စိတ်အခြေအနေကို တော်တော်အဆင်မပြေဖြစ်စေတယ်။ ဒါကြောင့်ကျွန်တော် စာချုပ်ပြည့်ဖို့ ၅နှစ်လိုသေးပေမယ့် အဖွဲ့ကနေထွက်ခဲ့ပါတယ် ကျွန်တော့်ကို YG ကနေမထွက်ဖို့ လူတိုင်းက တိုက်တွန်းကြတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ စိတ်ကျန်းမာရေးက တော်တော်လေးမကောင်းတော့ပါဘူး နောက်ဆုံးမှာတော့ ကျွန်တော် YGကနေ ထွက်လာခဲ့တယ်။ ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဘယ်တော့မှနောင်တမရပါဘူး။ ကျွန်တော့်ရဲ့ ဆောင်ပုဒ်က "ကိုယ်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ နောင်တမရပါနဲ့ တကယ်လို့ မင်းနောင်တရနေရင် ဒါဟာ ကိုယ့်ကိုကိုယ်ဆုံးရှုံးလိုက်ရတာပါ" လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူက တစ်ယောက်တည်းအလုပ်လုပ်တဲ့အခါ အခက်အခဲတွေအများကြီးကြုံတွေ့ရကြောင်းနဲ့ ဒီလို အခက်အခဲတွေကပဲ သူ့ကို ပိုသန်မာလာပြီး ပိုပျော်ရွှင်လာစေကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top